သရဲခြောက်တဲ့မြို့စွန်ကအိမ်ကြီး
ကျွန်​​တော့ ချစ်​ပရိတ်​သတ်​တို့...ကျွန်​​တော့ကို​နေ​မေ့
ကြပြီလား ဗျ...အလုပ်​အားတုံး​လေးမို့...ဒီဝတ္ထု​လေးနဲ့
ပြန်​နှုတ်​ဆက်​ပါတယ်​....။
သရဲ​ခြောက်​တဲ့
ကလင်​...ကလင်​..
                      ကလင်​...ကလင်​....
"ဟယ်​လို့...သားလား...
ဟုက်​ကဲ့အ​ဖေ...သားပါ...
"သား​...အလုပ်​​တွေ...အဆင်​​ပြေလား
ဟုတ်​..​ပြေတယ်​...အ​ဖေ...အခု​တောင်
အလုပ်​လုပ်​​နေရင်း..ဖုန်းသံကြားလို့..
ခဏ ထားပြီး ဖုန်းကိုင်​လိုက်​တာ...
"​အေးသား...​နေရတာ​ကော...အဆင်​​ပြေလား
ဟုတ်​​ပြေတယ်​...
"​အေးကွယ်​....အ​ဖေ့အလုပ်​​တွေကို..ငါ့ သား
ဦးစီးပြီးလုပ်​​ပေး​နေ​တော့...အ​ဖေသက်​သာတာ​ပေါ့...
ဟုတ်​...အ​ဖေ...အဲ့တာဆိုဒါပဲ​နော်​...သား..
လုပ်​လက်​စ​လေး​တွေမပျက်​​သေးလို့...ထပ်​လုက်​လိုက်
အုံးမယ်​...​အေး​အေး"
မင်း​နောင်​..တစ်​​ယောက်​...အ​ဖေ..ဖြစ်​သူနှင့်​...
ဖုန်း​ပြောပြီးသည်​နှင့်​....လုက်​လက်​စအလုပ်​​တွေကို...
ပြန်​လုပ်​​နေသည်​။
မလုပ်​...အ​ဖေ..ဖြစ်​သူ၏...ပွဲရုံအလုပ်​ကိုသာ
ဦးစီးကာ...လုပ်​သည်​။
မင်း​နောင်​...သည်​...သ​ဘော​ကောင်းကာ
အလုပ်​သမား​တွေအ​ပေါ်လည်း...ညီကိုလို
ဆက်​ဆံသည်​..​အော်​ချင်း.​ငေါက်​ချင်းမရှိ
သူ့ကြည့်​ရင်​...အမြဲတမ်းပြုံး​နေတက်​သည်​။
အလုပ်​သမားများက...သူ့ကို..ရို​သေ​လေးစားကာ
ချစ်​ခင်​ကြသည်​။
တစ်​ဦး​မေတ္တာ..တစ်​ဦး​စေတနာထားကာ
လုပ်​ကိုင်​​ပေးကြသည်​။...
မိခင်​..မရှိ​သော..မင်း​နောင်​အား
ဖခင်​ဖြစ်​သူမှာ...အလိုလိုက်​...လုပ်​ချင်​တာလုပ်
သားဖြစ်​သူ​ပျော်​ရင်​ပြီးတာပဲ ဆိုပြီး...
လွှတ်​ထား​ပေမဲ့...မင်း​နောင်​...ဆိုးမိုက်​ချင်းမရှိ...
ဖခင်​အ​ပေါ်သိတက်​ကာ...လိမ္မာသည်
"​မောင်​စိုး​ရေ....ကျွန်​​တော်​...
အပြင်​​လေး...ခဏ...သွားမလို့....
ပွဲရုံကိုကြည့်​ထားပါအုံ​နော်​....စိတ်​ချ...ကိုမင်း​နောင်
ကျွန်​​တော်​...ကြည့်​ထားမယ်​...
မင်း​နောင်​...အပြင်​အား....ဝယ်​စရာရှိ၍
ခဏ ထွက်​လာခဲ့လိုက်​သည်​။
လမ်း​ကွေ့ တစ်​ခုတွင်​...မင်း​နောင်​..
မောင်းလာ​သော​ကားဖြင့်​...
မိန်းက​လေး...တစ်​​ယောက်​ကို..ပွတ်​မိမလိုဖြစ်​ကာ
ထိုမိန်းက​လေး...​ခြောက်​ပြီးလဲကသွားသည်​။
မင်း​နောင်​...ကားရပ်​ကာ..ကား​ပေါ်မှဆင်း၍ထိုမိန်းက​လေး
ကိုကြည့်​သည်​။
"အမ...ဘာဖြစ်​သွား​သေးလည်း....ဘာမှမဖြစ်​ပါဘူး
လန့်​ပြီး..လဲသွားတာပါ..အကိုကားနဲ့..မတိုက်​မိပါဘူး...
"မဟုတ်​တာ..ဗျာ...
ကျ​နော့်​..ကားနဲ့မတိုက်​မိ​ပေမဲ့...ကျ​နော့်​..အပြစ်​မကင်း
ပါဘူး..."ရပါတယ်​ ရှင်​...ကျမ...
ဘာမှ မဖြစ်​ပါဘူး...
"အမ...ဘယ်​မှာ​နေတာလည်း...ဗျ...
ကျ​နော်​...ပြန်​လိုက်​ပို့​ပေးပါမယ်​....ရပါတယ်​...ရှင်
ကျမ..ပါ..ကျမပြန်​လို့ရပါတယ်​...
ကျမ...က...​မှော်​ဘီမှာ...​နေတာပါ...
"​မှော်​ဘီမှာ...​နေတာလား...​မှော်​ဘီဘယ်​နား​လေးတုံး
မှော်​ဘီ​လေထီ၁၆မှာ​နေတာပါ...
အခုက...ကျမ...က​ထောက်​ကြန့်မှာ
ဈေးလာ​ရောင်းတာပါ...​ဈေး​ရောင်းပြီးလို့ပြန်​လာတာ
ဒီနား​ရောက်​မှ ရုပ်​တရက်​..လန့်​ပြီးလဲသွားတာပါ
"​အော်​ ..ဟုတ်​..ကဲ့..အမ...
ကျ​နော်​ပြန်​လိုက်​ပို့​ပေးပါမယ်​...
အမ ပြန်​ရမှာနည်းနည်း​ဝေး​သေးတယ်
"ရပါတယ်​....ရပါတယ်​လုပ်​မ​နေပါနဲ့. ဗျာ
ပြောရင်းနဲ့....မိန်းက​လေး...ထချိန်​မှာ​တော့
လဲကြတဲ့အချိန်​နဲ့...​ခြေ​ထောက်​​နေကာ...ပြန်​လဲကြမလို
ဖြစ်​၍...ဖမ်းဆွဲလိုက်​..သည့်​အချိန်​အရှိန်​လွန်​ကာ...
မိန်းက​လေးအား ဖက်​မိသလိုဖြစ်​သွားကာ
မျက်​နှာချင်း အပ်​မိသွားသည့်​....ထိုအခိုက်​တန့်
မင်း​နောင်​....စိတ်​ထဲ...တစ်​ခုကိုခံစားမိလိုက်​သည်​။
ပျော်​သလိုလို....ကြည်​နူးသလိုဖြစ်​သွားသည့်
နောက်​မှ သတိဝင်​ကာ...လွှတ်​လိုက်​သည်​။
မိန်းက​လေးလည်း....မျက်​နှာပြင်​တစ်​ခုလုံး...
မျက်​နှာပြင်​တစ်​ခုလုံး နီရဲကာ ရှက်​သွားသည့်​ဟန်
ပေါ်လွင်​​နေသည်​။
ကား​ပေါ်တွဲကူတင်​​ပေးကာ...
မိန်းက​လေး...​နေသည့်​...
အိမ်​အားကား​မောင်​လာခဲ့သည်​။
ကား​ပေါ်တွင်​လည်း...​စောနက...အဖြစ်​ပျက်​​ကြောင့်
မိန်းက​လေးမှာ...မင်း​နောင်​အား..ရဲရဲမကြည့်​ရဲ
မင်း​နောင်​ လည်းအားနာ​နေမိသည်​။
ဒါနဲ့...မင်း​နောင်​လည်း....စကားစမြည်းစ​ပြော​လေသည်
"အမ...က..ဘယ်​ဇာတိလည်းဗျ...​မှော်​ဘီ ဇာတိပဲလား
မဟုတ်​ပါဘူး ....ဧရာဝတီ...ဇာတိပါရှင်​...
မှော်​ဘီမှာ....အ​မေ့အမ​တွေရှိလို့...အ​မေ့တို့နှင့်​လာလည်​ရင်း
ဧရာဝတီကို...မပြန်​ပဲ...​မှော်​ဘီမှာပဲ...မိသားစုလိုက်
အ​ခြေချ​နေ​တော့တာပါ...​​​မောင်နှမ. ​ဘယ်​နှစ်​​ယောက်​ရှိလည်း
ဗျ...စပ်​စုတယ်​လို့​တော့မထင်​ပါနဲ့...သိချင်​လို့...​မေးတာပါ
"ဟုတ်​...မထင်​ပါဘူး....​မောင်​နှမ...နှစ်​​ယောက်​ပဲရှိပါတယ်
ကျမ..​မောင်​​လေးရယ်​...ကျမရယ်​...နှစ်​​ယောက်​ပါ...
"​အော်​..ဟုတ်​​ကောင်းပါတယ်​....ဒါနဲ့....
အမ ...နာမည်​​လေး...သိလို့ရလား...
ဟုတ်​ရပါတယ်​....ကျမ...နာမည်​..
ချိုမီကိုပါ....
မင်း​နောင်​...အ​တွေ့တစ်​ခုဝင်​သွားသည်​။
တခြားမဟုတ်​...ချိုမီကို..တဲ့...နာမည်​နဲ့လူနဲ့လိုက်​တယ်
အသံကလည်းချိုတယ်​....ရုပ်​ရည်​ကလည်း
ပြောစရာမရှိဘူး...... တစ်​ချက်​ပြုံးမိသွားသည်​။
"​အော်​  ကျ​နော့်​..နာမည်​လည်းမှတ်​ထား​ပေါ့..
မင်း​နောင်​...လို့​ခေါ်ပါတယ်​...
စကား​ပြောရင်းဖြင့်​....​မောင်းလာကာ..
မိန်းက​လေး...​နေသည့်​...​မှော်​ဘီ​လေထီး၁၆သို့
ရောက်​လာခဲ့သည်​...အိမ်​​ပေါ်တက်​ အကျိုးအ​ကြောင်းအား
မိခင်​ဖြစ်​သူအား​ပြောပြကာ....မိခင်​ဖြစ်​သူမှ...
မင်း​နောင်​  အား​ကျေးဇူးတင်​​ကြောင်းဆို​လေသည်​။
"​အော်​အမ...​ဆေးခန်း...သွားမလား ....
"ရပါတယ်​.ရှင်​...အခုလိုလိုက်​ပို့တာ​တောင်​အားနာ​နေပါပြီ
သက်​သာပါတယ်​ အဲ့​လောက်​မနာပါဘူး....ဟုတ်​ကဲ့...
ကျ​နော်​ ပြန်​​တော့မယ်​....အ​ဒေါ်ကျ​နော်​ပြန်​​တော့မယ်​​နော်​...
"​အေးကွယ်​...​ကျေးဇူးတင်​ပါတယ်​...​မောင်​ရင်​ရယ်
မင်း​နောင်​...ကား​မောင်​ကာပြန်​ထွက်​လာသည်
ဝယ်​စရာရှိတာ​တွေကို...ဝယ်​ကာ...ပွဲရုံသို့ပြန်​လာခဲ့သည်​။
သူ့မျက်​နှာ အရင်​​နေ့​တွေ့ထက်​ပို့ပြီး ပြုံး​ပျော်​​နေသည်​။
"ဟ...ကိုမင်း​နောင်​...ဘာ​တွေပြုံးရွှင်​​နေတာလည်းဗျ..
ဘာမှ မဖြစ်​ပါဘူး ဗျာ  အရင်​တိုင်းပါပဲ....မဟုတ်​ပါဘူး
ဗျာ...​စောနက...အဲ့​လောက်​မပြုံးဘူး...ပြန်​​ရောက်​လာမှ...
ပြုံး​ပျော်​​နေတယ်​...အရင်​​နေ့​တွေထက်​ပိုပြီးပြုံး​နေသလိုထင်​လို့
မေးတာ...."
ဒီ​နေ့မိန်းက​လေး တစ်​​ယောက်​နဲ့​တွေ့လာလို့....​​ပျော်​​နေတာ..ဗျို့
"​အော်​ ဘာများလည်းလို့....မိန်းက​လေးနဲ့. ​တွေ့ရတာပဲ
အဆန်းလုပ်​လို့...မိန်းက​လေးမှ အများကြီး..​တွေ့​နေရတာပဲ
"ဟာ..မဟုတ်​ဘူး ..ကျ​နော်​​ပြောတဲ့  မိန်းက​လေးက
တွေ့​နေကျ မိန်းက​လေးလိုမဟုတ်​ဘူး ရိုးရိုး​လေးနဲ့. ချစ်​ဖို့​တော်
တော်​​ကောင်းတယ်​...
"​အော်​...ကျ​နော်​သိပြီ.....အဲ့မိန်းက​လေးကို ​ကြွေလာတဲ့​ပေါ့
"အမှန်​​ပေါ့   ဗျာ..​နောက်​တစ်​ခါထပ်​​တွေ့ချင်​​သေးတယ်​...
သူအိမ်​ကို​တော့သိသွားပြီး....
စကား​ပြောဖြတ်​ကာ...အလုပ်​ပြန်​လုပ်​​နေသည်​။
ည​ရောက်​​တော့လည်း.....​နေ့လယ်​က အဖြစ်​အားပြန်​​တွေး
ကာ စိတ်​ကူးရင်​​ကြည်​နူး​နေသည်​။
မိန်းက​လေး ​တွေစိတ်​ဝင်​မစားခဲ့သူ....အခု​တော့
ချိုမီကို...ဆိုတဲ့..မိန်းက​လေးနဲ့​တွေ့မှ.....ချစ်​တက်​လာ​တော့
မည်​ဟုဆိုလို့ရသည်​...။
ကလင်​...ကလင်​...ကလင်​....
"ဟယ်​လို...အ​ဖေ့...​အေးသား...အိပ်​ရာထပြီးလား
ကွ...ဟုတ်​ထ​နေပြီး.....​အေးသား​ရေး
မင်းကို..တစ်​ခု​ပြောစရာရှိလို့.....ဟုတ်​ဘာ​ပြောမလို့လည်း
အ​ဖေ....."ဒီလိုသား​ရေ....မင်း....ဒီပွဲရုံကို...​မောင်​စိုးနဲ့..
ခဏ...အပ်​ထားပြီး....​မှော်​ဘီမြို့...မှာရှိတဲ့....အလုပ်​ရုံမှာ
ခဏ သွားပြီးဦးစီး​ပေးပါအုံးကွာ...
မန်​​နေဂျာက သူ့​ယောက္ခမှ အသဲသန်​ဖြစ်​လို့...သူတို့
လင်​မယားနှစ်​​ယောက်​လုံးသွားရမှာမို့....ခွင့်​၁၀ရက်​ယူသွားတယ်​...အဲ့မှာ..သားအိမ်​တစ်​လုံးရှာပြီး...ခဏ ဦးစီး​ပေးပါအုံး
ဒီပွဲရုံမှာ   ​မောင်​စိုးကလည်း ယုံကြည်​ရတယ်​ဆို​တော့....
ဟုတ်​ကဲ့...အ​ဖေ....သားသွားလိုက်​ပါမယ်​...
မင်း​နောင်​....တစ်​ခုသတိရသွားသည်​။
မှော်​ဘီဆို​တော့...မိန်းက​လေး...ရှိတဲ့​နေရာနဲ့...သိပ်​မ​ဝေး
အကြံရ၍...​ပျော်​ရွှင်​သွားသည်​။
အချိန်​မစိုင်းပဲ....ပွဲရုံသွားကာ..​မောင်​စိုးအား...
မှာစရာရှိတာမှာပြီး...​မှော်​ဘီမှာ...အိမ်​ရှာဖို့ထွက်​လာခဲ့သည်​။
မှော်​ဘီ မြို့တွင်းမှာ အိမ်​ရှာမရ...မြို့ပြင်​မှာသာရလိုက်​သည်
အိမ်​ကကျယ်​ပြီးကြည့်​​ကောင်​သည်​....
တိတ်​ဆိတ်​​အေးချမ်းတယ်​ဆိုပြီး...ထိုအိမ်​ကြီးအား..
အ​ပေါ်ယံကြည့်​ကာ ငှါးလိုက်​သည်​။
ထိုအိမ်းကြီးမှာ....မြိုပြင်​ကြကာ....သရဲ​ခြောက်​သည်
ဟု​နေမည်​ကြီး​နေ​သော....အိမ်​ကြီးဖြစ်​သည်​။
အိမ်းငှါးသည့်​...လူမှန်​သမျှ....၅ရက်​မကြာဘူး....​သော့
တွေအပ်​ကာ...သရဲ​ခြောက်​တာမခံနိုင်​လို့....ထွက်​​ပြေးကြသည်
မင်း​နောင်​သည်​...အိမ်းကြီးရဲ...အ​ကြောင်းအားမသိပဲ...
မှော်​ဘီဖြစ်​ပြီး​ရော...သူနှင့်​နီးရင်​ပြီး​ရောဆိုပြီး...​ဈေးတန်​တာက​တ​ကြောင်း...ငှါးလိုက်​သည်​။
ထိုည...ဘာအရိပ်​​ရောင်​မျှမ​တွေ...သူအတွက်​..
အိပ်​​ကောင်းခြင်းအိပ်​ရသည်​။
မနက်​လင်းသည်​...နှင့်​...အလုပ်​ရုံကိုသွားကာ...
အလုပ်​အတွက်​​ပြောဆို​နေရာ​တွေချကာ....
ပြန်​လာခဲ့သည်​။
အပြန်​တွင်​စိတ်​ကူးတစ်​ခု​ပေါ်ကာ....ချိုမီကိုဆို​သော..
မိန်းက​လေး..စီကို..သတင်း​​မေးသလိုနဲ့....ဝင်​အုံးမယ်​ဆိုပြီး....ဝင်​လာခဲ့သည်​။
ဟို​ရောက်​သည်​...နှင့်​...သတင်း​မေးကာ...
သက်​သာသွားပြီလား...ဘာလားညားလား​ပေါ့...
"​အော်​ကျ​နော်​ အ​ဒေါ်တိုစားဖို့စားစရာဝယ်​လာတယ်
"မဟုတ်​တာကွယ်​...ရပါတယ်​....မဝယ်​ပါနဲ့....
ယူပါ..အ​ဒေါ်ရယ်​.....ကျ​နော်​...စား​စေချင်​လို့....
ဝယ်​လာတာပါ...အ​ဒေါ်တို့မယူရင်​ ကျ​နော်​ စိတ်​မ​ကောင်း
ဖြစ်​​နေမှာ....ယူပါ​နော်​....​အေးပါကွယ်​...
နောက်​လာရင်​​တော့....အဝယ်​ခဲ့ပါနဲ့...
အပို​တွေကုန်​တယ်​...အ​ဒေါ်တို့လည်​...သိပ်​မစားဘူး
မင်းညီတာ...အကုန်​စာမှာ..."​ကောင်းတာ​ပေါ့...
စား​စေချင်​လို့ဝယ်​လာတာ...စား​တော့..ကျ​နော်
ဝယ်​လာရကျိုးနပ်​တာ​ပေါ့...
ပြောဆိုပြီးသည်​နှင့်​...မင်း​နောင်​ပြန်​လာခဲ့သည်​။
လမ်းမှာ...ည​နေ..စားဖို့...ချက်​စရာ....ကြက်​သား
ဝယ်​လာခဲ့သည်​။
ကြက်​သွားများကို....​ရေခဲ​​သေတ္တာ...ထည့်​ကာ...
သိမ်းထားလိုက်​သည်​။
မင်း​နောင်​...ည​နေချက်​ဖို့...​ရေခဲ​သေတ္တာဖွင့်​ကြည့်​​သော
အခါ...​နေ့လယ်​က...ကြက်​သားထုတ်​မှာ..မရှိ​တော့​ခြေ
မင်း​နောင်​...စဉ်းစားရခက်​သွားသည်
နေ့​လယ်​ကမှသူ​သေခြာထည့်​ခဲ့သည်​...
အခု​ပျောက်​ချင်းမလှ​ပျောက်​​နေ​တော့
အကြံ​တွေ​တောင်​အိပ်​ပြီး..စဉ်းစားမရနိုင်​​အောင်​ဖြစ်​သွားသည်​။
စဉ်းစားမရသည်​ အဆုံး..​ခေါင်းကုက်​ကာ
ဟင်းဝယ်​စားရန်​...ဟင်းဆိုင်​တစ်​ဆိုင်​သို့ထွက်​လာ
ခဲ့သည်​။
ဟင်းဆိုင်​​ရောက်​​တော့...ဟင်းမှာကာ...
ထိုကြက်​သား..ဘယ်​လို​ပြောက်​သွားတာလည်း...
စဉ်းစားကာ...ဟင်းဆိုင်​မှ...အ​ဒေါ်ဟင်းထုတ်​​ပေးတာပင်
သူမသိ..."​ဟေ့..​ကောင်​​လေး...ဘာ​တွေဒီ​လောက်​​တောင်​စဉ်း
စား​နေတာလည်း​...ဒီမှာဟင်းရပြီ"
"​အော်​ဟုတ်​..ဟုတ်​...ဘာမှမစဉ်းစားပါဘူး
ဗျာ..​နေ့လယ်​ကထည့်​ထားတဲ့ ကြက်​သားထုတ်
ည​နေ ချက်​ဖို့...​ရေခဲ​သေတ္တာဖွင့်​​တော့မရှိ​တော့လို့...
စဉ်းစားရခက်​​နေတာ...
ကြောင်​​တွေဘာ​တွေဆိုလည်း​...​ရေခဲ​သေတ္တာထဲကဟာ
ဘယ်​လို...ဖွင့်​ပြီးစားမလည်းဆိုပြီး...​"​အော်​...
ဒါနဲ့...​မောင်​ရင်​က...ဘယ်​မှာ​နေတာလည်း​...
ကျ​နော်​က....ဟို...မြို့စွန်​က...တိုက်​မှာ​နေတာပါ။
"ဘုရား​ရေ....အဲ့မှာမင်းတစ်​​ယောက်​ထဲ​နေတာလား
'"ဟုတ်​တယ်​​လေး အ​ဒေါ်....ဘာဖြစ်​လို့လည်း​.....
"အဲ့မှာ ​နေတာဘယ်​နှရက်​ရှိပြီးလည်း...
ဒိ​နေ့နဲ့ဆို...နှစ်​ရက်​​မြောက်​ပါ အ​ဒေါ်
"အယ်​ကွယ်​...မင်းမို့လို့...ဒီအိမ်​ကြီး...ငှါး​နေရတယ်​လို့.
...
ဘာဖြစ်​လို့လည်း....အ​ဒေါ်ရဲ့.....
မင်းမသိဘူးလား....အဲ့အိမ်​က...သရဲ​ခြောက်​လို့...
ဘယ်​သူမှ...မ​နေရဲဘူး...
ငှါးနဲ့လူတိုင်း...ငါးရက်​..မကြာဘူး
ပြောင်း​ပြေရတာ​တွေကြီးပဲ....မင်းလည်း
အခုဇာတ်​လမ်း​​တော့...စလာပြီ
သတိနဲ့​တော့...​နေ​ပေါ့....။
"ဟုတ်​ကဲ့...အ​ဒေါ်...
မင်း​နောင်​...စဉ်းစားရပြန်​ပြီ..
"ဟို...ဘာမှမ​တွေးတာ​ကောင်းတယ်​...
စားစရာရှိတာ...စားပြီး...
စော​စောအနားယူတာပဲ​ကောင်းတယ်
မနက်​လည်း..အလုပ်​​တွေအတွက်​...လုပ်​ရကိုင်​ရ
ပြင်​ဆင်​ရအုံးမယ်​...ဟုဆိုပြီးအိပ်ယာဝင်​ခဲ့လိုက်​သည်
အချိန်​သိပ်​မကြာလိုက်​သလိုပဲ...​အေးစက်​သည့်​...
အရာတစ်​ခုဖြင့်​ထိမိကာ...လန့်​နိုးလာသည်​။
အခန်းတွင်း​လျှောက်​ကြည့်​​သော်​လည်း
ဘာမှ ​နေ့လယ်​...ဟင်းဆိုင်​ကအ​ဒေါ်ကြီး​ပြောလိုက်​​သော
စကားပြန်​စဉ်းစားမိကာ...​ခေါင်းနပန်းကြီးသွားသည်
ချွေသီး​များထွက်​ကာ....​ကြောက်​စိတ်​ဖြစ်​​ပေါ်လာသည်​။
ပြန်​မအိပ်​ရဲ​ခြေ...ဘယ်​လို့အပြုမူ​တွေထပ်​ပြီး...ပြုမူလာ​လေမလည်း..ထိုချိန်​ နံရံတွင်​ကပ်​ထား​သော...တိုင်​ကပ်​နာရီမှာ...
အသံပိုကျယ်​လာသလို...ခံစားရသည်​။
တချက်​..ချက်​ဖြင့်​...ကြား​နေရ​သော...နာရီသံမှာ
မင်း​နောင်...အား​ကြောက်​ရွံ့​စေခြင်းကို...ပိုမိုကြီးထွား​စေသည်
မင်း​နောင်​...ထိုလို ည​တွေဆက်​တိုက်​ဖြစ်​လာသည်​နှင့်
မျက်​တွင်းကြလာသည်​။
အလုပ်​တွင်​ တစ်​​နေ့...
"ဟာ...အကို​လေး...မျက်​တွင်း​တွေလည်း ကျ​နေပါလား
ဟုတ်​ ​မောင်​ထူး...​ရေ...
ငါအိပ်​မရတာသုံးညရှိပြီ...
ဘယ်​လိုဖြစ်​လို့အိပ်​မရတာတုံး...
ဘယ်​လိုဖြစ်​ရမလည်းကွာ..ညဆို..ငါ့ကိုသဲရဲ
ခြောက်​လို့..ငါ​ကြောက်​ပြီး..အိပ်​မ​ပျော်​တာ..
ပြန်​မအိပ်​​ရဲ​တော့တာ​ပေါ့..ငါလည်း..စိတ်​​တွေညစ်​​နေပြီ
ကြာရင်​...ငါလည်း..အိပ်​​ရေးပျက်​ပြီး​သေးသွားနိုင်​တယ်
"ဟာ..အကို​လေးရလည်​...ဘာမှ..မပူနဲ့..ကျ​နော်
ညဘက်​လာ အိပ်​​ပေးမယ်​"
"မင်းအိပ်​​ပေးမယ်​ဆို...​ကောင်းတာ​ပေါ့ကွာ
ငါလည်းအ​ဖော်​ရတာ​ပေါ့...
ဟုတ်​ကဲ့...ကို​လေး..ညကြလာခဲ့မယ်​...
အလုပ်​များကို...အရင်​​နေ့​တွေတိုင်း...ပုံမှန်​လုပ်​ကာ...
နေ့ခင်း..အလုပ်​ရုံမှာ..အိပ်​လိုက်​သည်​။
"အကို​​လေး..ထ​တော့..​ထ​တော့..ည​နေ​စောင်း​နေပြီ
ဖျားမယ်​...​မောင်​ထူးမှ..လာနှိုး၍ထလာခဲ့သည်​။
အလုပ်​​တွေသိမ်းဆည်းပြီး...အ​ပြန်​ဟင်းမဝယ်​ပဲ..
မောင်းထူးနှင့်​အတူစားရန်​...​ဈေးမှ..အသားငါး
တစ်​ခုခုဝယ်​လာခဲ့သည်​..အိမ်​​ရောက်​သည်​နှင့်​ချက်​ကာ
သေချာသိမ်းဆည်းထားသည်​။
ရေမိုးချိုးကာ...​မောင်​ထူး..လာသည်​နှင့်
နှစ်​​ယောက်​သား...ထမင်းစားလိုက်​သည်​။
စကားများ..သူတစ်​ပြန်​..ကိုတ်​ပြန်​​ပြောကာ
နာရီး​ကောက်​ကြည့်​မှ ဆယ်​နှာရီ...ထိုးပြီမို့...
မင်း​နောင်​...​မောင်​ထူး...အိပ်ယာဝင်​ဖို့
ပြင်​ဆင်​ကြသည်​။
"ကို​လေး  အရင်​အိပ်​..ကျ​နော်​​စောင့်​​ပေးမယ်
ကို​လေး အိပ်​​ပျော်​မှ...ကျ​နော်​အိပ်​​တော့မယ်
"​အေးအဲ့တာဆိုလည်း...ငါအိပ်​နှင့်​ပြီ
မင်း​နောင်​...အိပ်​​ပျော်​သွားသည်​...စိတ်​ချလက်​ချအိပ်​​နေတုံး
အသံတစ်​ခုထွက်​​ပေါ်လာသည်​။
"သရဲ..သရဲ...
မလာနဲ့...ငါ့နားမလာနဲ့...သွားသွား
မင်း​နောင်​လန့်​နိုးသွားသည်​...အသံမှာ
မောင်​ထူး..အသံဖြစ်​သည်​။
မောင်​ထူး...​ကြောက်​လန့်​ပြီး..အသံကုန်း
အော်​ဟစ်​ကာ...အ​ကြောက်​လွန်​​နေသည်​။
"​မောင်​ထူး...​မောင်​ထူး..
ဘာဖြစ်​တာလည်း...
"သရဲ..သရဲကို​လေး...
ကျ​နော်​ကို...အိပ်​​နေတုံး...​ခြေ​ထောက်​လာဆွဲတယ်
နောက်​ပြီး ကျ​နော့်​ကို..မျက်​လုံးနီနီကြီး​တွေနဲ့
မ​ကျေနပ်​တဲ့ အကြည့်​နဲ့ ကြည့်​​နေတယ်​...
ကျ​နော်​ ​ကြောက်​တယ်​...ကို​လေး
ကျ​နော်​မအိပ်​ရဲ​တော့ဘူး....ကျ​နော်​ပြန်​​တော့မယ်
မပြန်​ပါနဲ့ကွာ...မိုးလည်း​တော်​​တော်​ချုပ်​​နေပြီ
မနက်​မှပဲပြန်​ပါကွာ...
မောင်းထူးအားမနည်းတားထားရသည်​..ပြန်​မယ်​ပဲ..
လုပ်​​နေလို့....
မနက်​​ရောက်​သည်​နှင့်​ မျက်​နှာသစ်​ကာ
မောင်းထူးပြန်​သွားသည်​။
မောင်​ထူး...ဒီ​နေ့အလုပ်​မလာ၍...အိမ်​လိုက်​သွား​သော
အခါ...ညက..အ​ကြောက်​လွန်​ပြီး...ဖျား​နေ၍
အလုပ်​မဆင်းနိုင်​ဘူးဟု​ပြောသည်​။
ည​နေ...အလုပ်​ရုံကပြန်​​တော့...
storeဆိုင်​တစ်​ခုဝင်​ကာ...
ဘီယာ..နှစ်​လုံးဝယ်​လာခဲ့သည်
ပြန်​​ရောက်​တာနှင့်​​ရေမိုးချိုး...အဝတ်​စားလည်းပြီး
သည်​နှင့်​...အပြင်​ခဏ ထွက်​ကာ...beerနှင့်​မြည်းရန်
အသားကင်​များဝယ်​လာခဲ့သည်​။
စိတ်​ထဲမှာလည်း...​တေးထားသည်​...
"​တွေပြီ​ပေါ့....နင်​ပဲ​ခြောက်​နိုင်​မလား
ငါပဲရမ်းနိုင်​မလားကြည့်​ကြ​သေးတာ​ပေါ့..
ထိုသို​ရေရွတ်​ပြီး...ဘီယာထိုင်​​သောက်​​နေသည်​။
အရှိန်​​လေးရလာတာနဲ့...
"ထွက်​လာခဲ့...ငါ့ကို​ခြောက်​​နေတဲ့...သရဲ
လာခဲ့​လေ....ငါ့ကို...ဘာမ​ကျေနပ်​လို့လည်း
လာခဲ့ မျေကနပ်​တာလာ​ပြော...ငါ့မှာ
ညစဉ်​နဲ့အမျှ...နင်​​ခြောက်​တာခံရလွန်း​လို့
အိပ်​​ရေးပျက်​ပြီး..မ​သေရုံတမယ်​ပဲရှိတယ်
အခုလာ​ခြောက်​​လေ...ထွက်​လာခဲ့​နော်
ထွက်​မလာရဲ​တော့ဘူး...မလား
ကြောက်​​နေပြီလား...
ထိုသို​အော်​ကာ...မ​ကျေနပ်​ချက်​​တွေကို..​ပေါက်​ကွဲလိုက်
သည်​။
ကျန်​ရှိ​သေး​သော..beerများကို..ဆက်​​သောက်​ကာ...
ဧည့်​ခန်းစားပွဲခုံ​ပေါ်​တွင်​အိပ်​​ပျော်​သွားသည်​။
အိပ်​​မောကြချိန်​တွင်​..​လေ​အေးတစ်​ချက်​တိုက်​ကာ...
မိန်းက​လေးသံ ထွက်​​ပေါ်လာသည်​။
"အကိုရယ်​..ကျမ...အကို့ကို
ခြောက်​လှန့်​​နေတာ မဟုတ်​ပါဘူး...
ကျမ...ကိုကူညီပါ​နော်​..
ကျမ..ဒီဘဝကလွတ်​ချင်​​နေပြီ...အရင်​လူ​တွေတုံးကလည်း
ကျမှမှာဗိုက်​စာလို့...သူတို့အသားငါး..ချက်​ထားတာ​တွေစား
သူတို့သိ​အောင်​အမျိုးမျိုးလုပ်​ပြနဲ့...ကျမ..အကူညီ​တောင်းခဲ့တာပါ
အကုန်​လုံးက..​ခြောက်​တယ်​ထင်​ပြီး...ထွက်​​ပြေးသွားကြတယ်
အကိုသာ..ထွက်​မ​ပြေးပဲ...ဒီအချိန်​ထိရှိတာ..
ကျမ...ဒီဘဝက.လွတ်​ခင်ျ​လှပြီ...အကိုကူညီနိုင်​ရင်
ကူညီပါ​နော်​...ကျမအတွက်​ကုသိုလ်​​ကောင်းမှု့ ​လေး
လုပ်​​ပေးပါ​နော်​...
ကျမက...အရင်​ဒီအိမ်​ပိုင်​ရှင်​ရဲ့...သမီးပါ..
ကျမ..နှလုံး​ရောဂါနဲ့​သေဆုံးပြီး..အ​ဖေအ​မေကို...စွဲလန်းစိတ်​နဲ့
မကျွတ်​ပဲ..ဒီအချိန်​ထိ..ဒီဘဝနဲ့​နေ​နေရတာပါ...
ကျမ...နာမည်​...မ​နောဖြူ...လို့​ခေါ်ပါတယ်​...
အကို..ကူညီပါ​နော်​........
ထိုသို့ ​ပြောပြီးသည်​နှင့်​...ထွက်​သွားသည်​။
"မ​နောဖြူ....မ​နောဖြူ...အိပ်​ရာမှ...လန့်​နိုးကာ....
မ​နောဖြူ  ဟု​အော်​​ခေါ်လိုက်​ခြင်းဖြစ်​သည်
နက်​​ရောက်​သည်​နှင့်​...ဘုန်းကြီးပင့်​...အနီးနားက..
သက်​ကြီးရွယ်​အိုးများ​ခေါ်ကာ....
ပရိတ္ခရာရှစ်​ပါးဖြင့်​...ကပ်​လှူ ကာ...
မ​နောဖြူ နှင့်​အတူ...အခြား​သော
ပရ​လောကသားများကို...သာဓုအနု​မောတန
ဖြင့်​  အမျှ​ပေး​ဝေလိုက်​သည်​။
တစ်​​နေ့ကုန်​....ဟိုလုပ်​ဒီလုပ်​နဲ့..တစ်​​နေ့ကုန်​သွားသည်
ည​ရောက်​​တော့​ရေချိုးအဝတ်​စားလည်း..
ထမင်းစားပြီသည်​နှင့်​...တစ်​​အောင့်​နားကာ...
အိပ်​ယာပြင်​ပြီး...အိပ်​လိုက်​သည်​။
"အကိုရယ်​...ကျမ..အရမ်း​ကျေးဇူးတင်​ပါတယ်
အ​ကို​ပေးတဲ့...ကုသိုလ်​​ကောင်းမှု့ ​တွေ ကျမရလိုက်​တယ်
ကျမ ဒီဘဝက​နေကျွတ်​ပြီအကို
"အကို့ကိုကျမ..​ကျေးဇူးတင်​ပါတယ်​......
နှောင်​တချိန်​...သံသရာတစ်​ခုမှာ
ပြန်​​တွေ့ရင်​ အကို့ ​ကျေးဇူး​တွေကို....ကျမ...
ပြန်​ဆပ်​ပါ့မယ်​...အခု​တော့
ကျမ သွား​တော့မယ်​​နော်​.....
မင်း​နောင်​...အိပ်​ရာမှ  နိုးလာခဲ့သည်​။
စိတ်​ထဲတွင်​လည်း...ကြည်​နူးမိသည်​..
သူ့​ကြောင့်​...သူတစ်​ပါး..
ကောင်းရာမွန်​ရာ​ရောက်​သွားတာကို​တွေးပြီး
ပီတိဖြစ်​မိသွားသည်​။
နောက်​ည​တွေကစပြီး..သူောကင်း​ကောင်းလည်း
အိပ်​လို့ရခဲ့ပြီ​လေ.....
စာလုံး​ပေါင်းသတ်​ပုံများမှါးတာရှိရင်​ပြင်​ဖတ်​​ပေးကြပါ
စာဖတ်​သူများကို
စာ​ရေးသူ-ရဲ​ဇော်​ဝင်း
Comments