ဘဝခြားလည်းမမုန်းခဲ့ပါ
# 🙀 ဘဝခြားလည်း မမုန်းခဲ့ပါ 🙀 #
ရေးသူ= Khay Nge >add / follow
.
(စ/ဆုံး)
.
" ကိုကို ချစ်ကို ဓာတ်ပုံရိုက်ပေးဦး ဒီမြက်ခင်းပေါ်မှာ "
.
"ဟာ ချစ်ကလည်း လမ်းပေါ်မှာကြီး မကောင်းပါဘူး သူများတွေမြင်ရင် "
.
"ဘယ်သူမှ ကြည့်မနေပါဘူး ကိုကိုကလည်း ရိုက်ပေးနော် ချစ်ကို ချစ်ရင် ရိုက်ပေးရမယ် ဒါဘဲ "
.
သေစမ်း နေယံ ။
တော်သေးတယ် သစ်တွေ တင်ထားတဲ့ ကားက ကွယ်နေလို့ ဒီဘက်ခြမ်းကို ဘယ်သူမှ သိပ်မမြင်ရ ။
လမ်းမှ တကယ် ကားလမ်းကြီးမှာကွာ ။ မရိုက်ပေးရင် မချစ်လို့ဆိုပြီး ရစ်ပြန်ဦး
မယ် ။
.
" ဟုတ်ပြီ ကိုယ် ရိုက်ပေးမယ် ကဲ့ကဲ့ စရိုက်ပြီ "
.
အမျိုးမျိုး လုပ်ပြနေတာကို ရိုက်ပေးနေရတယ် ။ နေပူပူကြီးထဲမှာ နေယံ ချွေးတွေ ပျံနေပြီ ။ဟူး သိပ်တော့ မလွယ်လှဘူး ။
.
ရိုက်နေတုန်း နေယံ ရိပ်ကနဲ့ ကင်မရာထဲ မြင် လိုက်ရတာက ဘေးမှာ ရပ်ထားတဲ့ ကားမှ သစ်တွေ ချည်ထားတဲ့ ကြိုး ပြတ်ပြီး ဓာတ်ပုံ ရိုက်နေတဲ့ ချစ်ဘက် သစ်တွေ လိမ့်ကျသွားတယ် ။
သစ်တွေနဲ့ သာ အဖိခံရင် တစ်ခါတည်း ပြားပြားချပ်သွားပြီး ဘယ်လို သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး ။
.
စိုးရိမ်စိတ်နဲ့ ချစ်ကို သစ်နဲ့ လွှတ်ရာ တွန်းထုတ်ပြစ်ဖို့ နေယံ ပြေးသွားပေမဲ့ ချစ်စီမရောက်ခင်မှာ သစ်တွေဟာ ဒလဝေါ လိမ့်ကျလာပြီး ချစ်စီသာမကာ နေယံ စီပါ လိမ့်လာတော့ နှစ်ယောက်လုံး သေပြီလို မှတ်လိုက်ပါတယ် ။
.
အဲချိန် နေယံ အနောက်ကနေ အချိန်ပြင်းပြင်းနဲ့ တစ်ယောက်ယောက်က တွန်းထုတ်လိုက်သလို ခံစားလိုက်ရတယ် ။
.
သတိထားမိတော့ ချစ်ရော နေယံပါ အသက်ဘေးမှာ လွှတ်ခဲ့ပါပြီ ။
.
နေယံ အလန့်တစ်ကြား ကိုယ့်ကို ဘယ်သူတွန်းထုတ်လိုက်လည်းလို့ ရှာကြည့်ပေမဲ့ မတွေ့ ကိုယ်ကို ကယ်ရင်း သစ်အောက်များ ရောက်သွားလားလို့ စိုးရိမ်စိတ်နဲ့ ရှာလည်း မတွေ့ ပြန် ။
.
ချစ်ကတော့ နေယံ ကယ်လိုက်တယ် ထင်ပြီး ကျေးဇူးတွေ တင်ပြီး ပျော်နေတယ် ။
.
" ကိုကို ချစ်ကို ဘယ်လောက်ချစ်မှန်း သိလိုက်ပါပြီ ဒီလို့ အရေးကြုံတော့ ကိုကိုက ကိုယ့် အသက်ကိုတောက် ဂရုမစိုက်ဘဲ ချစ်ကို ကယ်လို့ လေ "
.
ချစ်ကို မပြောတော့ပါဘူး ကယ်လိုက်တဲ့လူက ကိုယ်မဟုတ်မှန်း ။ပြောလည်း ယုံမှာမဟုတ် ။ ထူးဆန်းတဲ့ အဖြစ်ကို နားလည်လို့မရပေမဲ့ ဘာဘဲ ဖြစ်ဖြစ် ကိုယ့်တို့အသက်ဘေးက လွှတ်ခဲ့ရပါတယ် ။
.
##
အဲ အဖြစ်အပျက် ဖြစ်ပြီး နောက်ပိုင်း မှာ
အဲလိုထူးဆန်းတာတွေ ဆက်တိုက် ဖြစ်နေတာ နေယံ သတိထား မိလာတယ် ။
.
တစ်ယောက်ယောက်က ကိုယ့်ကို စောင့်ရှောက်နေသလိုမျိုး ။အဲလို ခံစားမိနေတာ သုံးလလောက် ရှိခဲ့ပြီ ။ ပထမတော့ လန့်မိတယ် နောက်တော့ အမြဲ ကိုယ်အပေါ်စောင့်ရှောက်နေမှန်း သိတော့ မကြောက်တော့ဘူး ။
.
ကိုယ့်အနားမှာ ကိုယ်သင်းနှံ ယဉ်ယဉ် လေးတစ်ခု အမြဲရနေခဲ့တယ် ။ နေယံ မမှတ်မိတော့ဘူး ဒီအနံလေးကို ဘယ်မှာ ရဖူးလည်း ဆိုတာ ။ ဒါပေမဲ့ သေချာတာတော့ အဲအနံကို သူတော်တော်လေး ရင်းနှီးနေတယ် ။
.
ဘယ်သွားသွား နေယံအနောက်ကို လိုက်နေတယ်ဆိုတာ အဲ ရနှံလေး ရနေခြင်းက သက်သေဖြစ်ခဲ့တယ် ။ ဒါပေမဲ့ တစ်ခြားတစ်ယောက်ကို မေးရင် ဘယ်သူမှ ဘာနှံမှ မရဘူးလို့ ပြောကြတယ် ။
.
အချိန်တိုင်း ရနေတဲ့ ရနှံကို နေယံ ချစ်သူနဲ့ အတူ ရှိနေတဲ့ချိန်တွေမှာဆို ရနှံလေး ပျောက်နေတတ်တယ် ။
.
လပြည့်ည တစ်နေ့မှာ နေယံ တစ်ရေးနိုး ချိန်မှာ ငိုသံလေး တစ်ခု ကြားလိုက်ရတယ် ။ ငိုသံ ရှိရာ တိတ်တိတ်လေး သွားချောင်း မိတော့ နေယံ လုံးဝမထင်ထားတဲ့ အရိပ်တစ်ခုကို တွေ့လိုက်ရတယ် ။
.
လဝန်းအိမ် … ။ အိမ်ကလေးလို့ သူ ခေါ်ခဲ့ဖူးတဲ့ အတိတ်က ချစ်သူ ။
.
" အိမ်ကလေး ……"
.
ပါးစပ်က အမှတ်မထင် ခေါ်မိသွားတော့ ။ ကြားသွားပြီး အရိပ်လေး ပျောက်ကွယ် သွားခဲ့တယ် ။ ပြီးတော့ ရင်းနီုးနေတဲ့ ရနှံက အိမ်ကလေး (ခေါ်) လဝန်းအိမ် ရဲ့ ကိုယ်သင်းနှံလေး ဖြစ်ကြောင်း မှတ် မိသွား တယ် ။
.
ဒါပေမဲ့ အဲနေက စပြီး နေယံ အနားကနေ လုံးဝ ပျောက်ကွယ် သွားခဲ့ပါတယ် ။
.
သူ စိုးရိမ်သွားတယ် လဝန်းအိမ် ဆုံးသွားပြီလို့လည်း မကြားမိပါဘူး ။ အဆက်အသွယ် ပြတ်နေတာ တစ်နှစ် လောက်ရှိပြီ ။ ဒါဆို လဝန်းအိမ်က သေသွားလို့ ကိုယ်စီ ဝိဉာဉ်အဖြစ်နဲ့လာ ခဲ့တာလား ။
.
သူ့အနားမှာ သုံးလ လုံးလုံး အရိပ်လို နေပြီး လိုက်စောင့်ရှောက်နေတဲ့ သူက လဝန်းအိမ်တဲ့လား ။ နေယံ တော် တော် စိတ်ထိခိုက်သွားတယ် ။ လဝန်းအိမ် အပေါ် သူ လှည့်စားပြီး လိမ်ခဲ့ပေမဲ့ လဝန်းအိမ် ကတော့ ကိုယ့်အပေါ် စိတ်မပျက်ဘဲ သေသွားတာတောင် လာပြီး စောင့်ရှောက်နေသေးတယ် ။ နေယံ ဆုံး ဖြတ်လိုက်တယ် နက်ဖြန် မိုးလင်းတာနဲ့ အရင်က လဝန်းအိမ်ရှိရာ မြို့ကို သွား စုံးစမ်းဖို့ ပေါ့ ။
.
##
" စားပါ ………"
.
" မစားဘူး အိမ်ကလေးမှ မကြိုက်တာ "
.
" ကိုကို ကိုယ် ချစ်ရင် စားပါ မစားရင်တော့ မချစ်ဘူးလို့ ထင်လိုက်မှာနော် "
.
" ဟင်း မထင်ပါနဲ့ အိမ်ကလေး စားမှာပါ "
.
အိမ်ကလေး ကိုကို ကျွေးတဲ့ အုန်းနို့ ခေါက်ဆွဲကို ကြိတ်မှိတ် စားလိုက်ရတယ် ။ မစားရင် ကိုကိုက မချစ်ဘူးထင်မှာ စိုးလို့ ပါ။အိမ်ကလေး ကိုကို ကိုယ် အရမ်း ချစ်ပါတယ် အိမ်ကလေး ကြောင်း နည်းနည်းမှ ကိုကို စိတ်ညစ် လို့မဖြစ်ဘူးလေ ။ ဒါကြောင့် အိမ်ကလေး မကြိုက်ဆုံး အစားအစာ ဖြစ်ပေမဲ့ ကိုကို အကြိုက်ဆုံး ဖြစ်လို့ ကိုကို စားခိုင်းတော့ အိမ်ကလေး ရှူံမဲပြီး မနည်း ကုန်အောင် စားလိုက်ရတယ် ။ အုန်းနို့ ခေါက်ဆွဲမှာ ပါတဲ့ အနှံကို အိမ်ကလေး တော်တော် မုန်းပါတယ် ။ စားပြီးတော့ ကိုကိုကပြောတယ်
.
" အိမ်ကလေးရေ ကိုကိုတော့ အိမ်ကလေးနဲ့ ခွဲရတော့မယ် ကိုကို အိမ်ပြောင်းတော့မယ် ( … ) အဲ့မြို့ကို "
.
" ဟင် မပြောင်းလို့ မရဘူးလား ကိုကို အိမ်ကလေး ကိုကိုနဲ့ မှ မဝေးနိုင်တာ "
.
" စိတ်ချ ကိုကို အိမ်ကလေးကို နောက်ခါလာပြီး လက်ထပ်ယူမယ် အခုတော့ ခဏ ဝေးနေကြမယ်နော် လိမ်မာပါတယ် "
.
" ဟုတ်ကဲ့ပါ ကိုကို ……"
.
##
"
" ဆေးသောက်လိုက်ပါဦး အိမ်ကလေးရေ"
.
"ဆေးသောက်ရင် ပျောက်မှာလား အန်တီ "
.
အန်တီက အိမ်ကလေး အမေးကို မဖြေခင် တစ်ချက် ရှိုက်လိုက်တယ် ပြီးမှ ငိုသံလေးနဲ့
.
" ပျောက်မှာပေါ့ အိမ်ကလေးရယ် ပျောက်အောင်လို့ဘဲ ဆရာဝန်ကြီးက ဆေးတွေ သောက်ခိုင်းတာပေါ့ သောက်လိုက်နော် "
.
ဟုတ်တယ် ဆေးသောက်မှ ပျောက်မှာပေါ့ ။ပြီးတော့ ကိုကိုနေယံ နဲ့ သွားတွေ့ရမယ် ။ ကိုကိုနေယံ ကပြောတယ် သူကို ချစ်ရင်နေကောင်းအောင်နေတဲ့ ။ခုနေမကောင်းဖြစ်ပြီး ဆေးရုံရဲ့အရေးပေါ်ခန်းမှာ ရောက်နေတာ ကိုကို ကိုယ် မပြောရဲဘူး တော်ကြာသူ့ကို မချစ်လို့ နေမကောင်းဖြစ်တယ် ထင်သွားမှာ စိုးလို့ ။
.
"အန်တီ ကိုကို အိမ်ကလေးကို ဖုန်းမဆက်ဘူးလားဟင် "
.
" ဆက်တာပေါ့ အိမ်ကလေးရဲ့ အိမ်ကလေး အိပ်နေလို့ ဖုန်းမကိုင်တာလို့ပြောလိုက်တာ အိမ်လေး သဘောအတိုင်း သားနေယံကို အိမ်ကလေး နေမကောင်း ဖြစ်နေတဲ့ အကြောင်းတောင် မပြောပြလိုက်ဘူး "
.
" တကယ်နော် အန်တီ ကိုကိုက ဘာတဲ့လည်း "
.
" သူက အိမ်ကလေးကို လိုင်းပေါ်တတ်ခဲ့ဦး ပြောစရာရှိလို့တဲ့ "
.
" ဟုတ်လား အန်တီ အိမ်ကလေးရဲ့ဖုန်းယူလာပေးပါနော် အိမ်ကလေးကို ဖုန်းခဏပေးကိုင် အိမ်ကလေး လိုင်းပေါ်တတ်မယ် "
.
" ရော ဒီလို သိလို့ အိမ်ကလေး ဖုန်းယူလာပေးတယ် ရော့ ဖုန်း နေမကောင်းဖြစ်တာတောင် ဖုန်းကဆော့ဖို့ စဉ်းစားနိုင်သေးတယ် "
.
အန်တီ ကဖုန်းပေးပြီး စားစရာသွားဝယ် ဦးမယ်ဆိုပြီး အောက်ဆင်းသွားပါတယ် ။
.
ဟီး ပျော်လိုက်တာ ကိုကို လိုင်းပေါ်မှာရှိတယ် ။
.
" hi ……ကိုကို"
" အိမ်ကလေး လား ကိုကို အိမ်ကလေးကို ပြောစရာတွေ တောင်းပန်စရာတွေ ရှိတယ် "
.
" ပြောပါ ကိုကို အိမ်ကလေး ခွှင့်လွှတ်ပြီးသားပါ "
.
" ကိုကိုလေ ကိုကိုမှာ အိမ်ကလေးအပြင် နောက်ထပ် ချစ်သူရှိနေတယ် "
.
"………………"
.
" ခု ကိုကို သူကို ဘဲ ယူဖို့ ဆုံးဖြတ်လိုက်တယ် အိမ်ကလေးကို ထပ်ပြီး မလိမ်ချင်တော့ဘူး အိမ်ကလေးကို လိမ်ခဲ့သမျှ တောင်းပန်ပါတယ် အိမ်ကလေးရယ် "
.
" တောင်းပန်ယုံနဲ့ ရတယ်ပေါ့ ကိုကိုရယ် အိမ်ကလေးမှာလည်း နှလုံးသားနဲ့ပါ အပြောက လွယ်လိုက်တာ ကိုကိုရယ် "
.
" ဟုတ်တယ်နော် အပြောက လွယ်တယ် ကိုကို ချစ်သူရှိလျက်နဲ့ အိမ်လေးကို ချစ်တယ်လို့ ပြောပြီး အိမ်ကလေးရဲ့ အဖြေကို ညာယူမိခဲ့တယ် ချစ်တယ် ဆိုတဲ့ စကားကို လွယ်လွယ်လေး ပြောခဲ့မိတယ် "
.
"အိမ်ကလေး ဘာတွေအမှားလုပ်မိခဲ့လို့ အိမ်ကလေး ရွှေးချယ်မိတဲ့ ကိုကိုက ဒီလို ဖြစ်နေရတာလည်း ဘာလို့ အိမ်ကလေး ကျမှာ လည်း "
.
" အိမ်ကလေး မမှားပါဘူး ကိုကို မှားတာပါ ခွှင့်လွှတ်ပါ နော် အိမ်ကလေး ရှေ့ဆက်လျှောက်ရမှာဘဝခရီးလမ်းမှာ ကိုကိုထက်သာတဲ့သူ ပိုပြီးချစ် ပေးနိုင်တဲ့သူ ပြိုပီးဂရုစိုက်ပေးတဲ့သူနဲ့တွေ့ပါစေနော်"
.
"…………bye"
.
ကိုကို ရယ် ရက်စက်တယ်နော် ။ ဒါပေမဲ့ အိမ်ကလေးလေ ကိုကို ကိုယ် အပြစ်မြင်လို့ မရအောင် ချစ်မိနေပြီထင်တယ် ။ အိမ်ကလေး ဘယ်လို လုပ်ရမလည်း ရင်ဘတ်တွေ နာလိုက်တာ ။
.
ထိုချိန် လမ်းပေါ်မှာ သီးချင်သံက အလိုက်မသိစွာ လွှင့်ပြန်လာတယ်
.
………မင်းရဲ့ မျက်ဝန်းတွေကြောင်း ဒုက္ခငါရောက်ခဲ့ဖူး …………
………မင်းပေးတဲ့ ကတိတွေကြောင်း လေထဲ တိုက်အိမ် ဆောက်ခဲ့ဖူး ………
.
အန်တီ ပြန်ဝင်လာတော့ အန်တီ စိတ်မကောင်းဖြစ်မှာ စိုးလို့ ပြောထားသမျှ အကုန် ပြန်ဖျက်လိုက်တယ်
.
" အိမ်လေးရေ ဖုန်းပြောပြီးပြီလား ဘာတဲ့လည်း အိမ်လေး ကိုကိုက "
.
" နေကောင်းအောင်နေတဲ့ ကျန်းမာရေး ဂရုစိုက်ပါတဲ့ အန်တီ ဒီမှာဖုန်း အန်တီ ပြန်ယူသွားလို့ရပြီ အိမ်ကလေး မလိုတော့ ဘူး "
.
" အေးပါ အန်တီ အိမ်ခဏ ပြန်လိုက်ဦးမယ် အိမ်မှာက အန်တီ မရှိပြန်ရင်လည်း အန်တီသားတွေက သိတဲ့ အတိုင်း"
.
"ဟုတ်ကဲ့ အန်တီ ရပါတယ် အိမ်လေးလည်း အကောင်းကြီးဘဲ ပြီး တော့ ဆရာဝန်ကြီးတွေက အိမ်လေးကိုဆို သမီးရင်းလို ဂရုစိုက်ပေးကြပါတယ် သြော် အန်တီ မပြန်ခင် စားပွဲပေါ်က ရေဒီယို ဖွှင့်ပေးသွားဦး နော် "
.
" ဟုတ်ပြီ အန်တီ သွားပြီ "
.
အန်တီ နောက်ကျောကို ကြည့်ရင်း အိမ်ကလေး မငိုမိဖို့ အားတင်းထားရတယ် ။ အိမ်ကလေး မိဘတွေ ဆုံးကတည်းက အန်တီက စောင့်ရှောက်လာခဲ့တာ ။ စီးပွားရေးက အချမ်းသာကြီး မဟုတ်ပေမဲ့ စားနိုင်သောက်နိုင် အခြေအနေတော့ ရှိပါတယ် ။
.
ဝမ်းနည်းစိတ်များ ပြေမလားဆိုပြီး ရေဒီယို နားထောင် မလို့ပါ
.
ရေဒီယိုက လိုင်းထစ်နေရင်းမှာ အသံ ကျယ်လာတယ် ။ ရေဒီယိုမှ လာနေတဲ့ သီးချင်းက
.
……နောက် တစ်ယောက်လည်း ရှိပါစေ အစားထိုးလည်း ချစ်ပါစေ ရိုးသွားလို့ မတွဲချင်နေ ရင်ခုန်သံ ငါမပြောင်းဘူးနော် ……
.
အိမ်ကလေး အားရပါးရ ငိုချင်ပေမဲ့ မျက်ရယ်က ထွက်မလာ ။ ကိုကိုရယ် ဘာလို့ ရက်စက်ရတာလည်း ဆိုပြီး အပြင်မှာ ပြေးသွားပြီး မေးချင်ပေမဲ့ ကိုကိုက ဒီမြို့ကနေ တစ်ခြား မြို့ကို ပြောင်းနေလို့ ပြေးသွားလို့မရပြန် ။
.
ကိုကို သိလား ကိုကို အိမ်ကလေးကို ထားသွားတဲ့ ဒီနေ့က အိမ်ကလေးနဲ့ ကိုကိုရဲ့ ရက် တစ်ရာပြည့် နေ့လေးဆိုတာ ။
.
နောက်နေ့ကစပြီး …
.
အန်တီနဲ့ ဆရာဝန်တွေ အလုပ်ရူပ်နေကြတယ် ။ အန်တီ မျက်နှာလည်း မကောင်းဘူး ။ ပြီးတော့ မေးတယ် အိမ်ကလေးကို ဘာတွေ လုပ်ချင်လည်း ဘာစားချင်လည်းအကုန်ဝယ်ကျွေးမယ်တဲ့ ။
.
" ဘာလို့စားချင်တာ စားလို့ ပြောတာလည်း အိမ်ကလေးနဲ့ တည့်လို့လား အရင်က အန်တီတို့ဘဲ ဟိုဟာ မစားနဲ့ ဒီဟာ မစားနဲ့ ဆို "
.
" စားလို့ရတယ် အိမ်ကလေး စားချင်တာ အကုန်ပြော ဝယ်ကျွေးမယ် အိမ်ကလေးက နေကောင်းသွားပြီ ဆိုတော့ စားလို့ရပြီလေ"
.
" အိမ်ကလေး နေကောင်းပြီဆို ခုဘဲ ဆေးရုံက ဆင်းမယ် လေ ဘာလိုအန်တီ မျက်နှာက ငိုချင်ရုပ်ပေါက်နေရတာလည်း "
.
အိမ်ကလေး ပြောလိုက်မှာဘဲ ထငိုပါတော့တယ် ။ ပြီးမှ ဘာမှ မဟုတ်ပါဘူး အိမ်ကလေးရယ် ဝမ်းသာလို့ပါတဲ့ ။
.
အိမ်ကလေး သိပါတယ် ။ အိမ်ကလေး ထပ်နေလို့မရတော့ဘူး ဆိုတာ ။ အိမ်ကလေး လုပ်စရာရှိတာ လုပ်သွားချင်သေးတယ် ။
.
" အန်တီ အိမ်ကလေးကို စာအုပ်နဲ့ ဘောပင် ဝယ်လာပေးခဲ့ဦး "
.
ဘာလုပ်မလည်း အန်တီ မမေးခဲ့ဘူး ။ အိမ်ကလေးကို စိတ်ချမ်းသာအောင် ထားပေးခဲ့ကြတယ် ။ ဒါပေမဲ့လည်းလေ ။
.
##
" အန်တီ ကျွန်တော် ကို မှတ်မိလား ကျွန်တော် နေယံလေ "
.
နေယံကို မြင်တော့ အိမ်ကလေးရဲ့ အန်တီ
မျက်နှာ တင်းမှာ သွားတယ် ။ပြီှး မှတ်မိပါတယ်တဲ့ ။
.
" ကျွန်တော် ဒီကို လာတာ အိမ်ကလေး အကြောင်း သိချင်လို့ပါ "
" ဘာ ……"
အန်တီက အစက စိတ်တိုပြီး မပြောချင်ပေမဲ့ နေယံက သူကြုံတွေ့ရတဲ့ အကြောင်းကို ပြောပြလိုက်တော့ အန်တီက
အိမ်ကလေးမှာ မွေးရာပါ နှလုံး ရောဂါရှိတယ်တဲ့ အဲကြောင်းဘဲ ဆုံးသွားတာ ၆ လလောက် ရှိပြီတဲ့ ။
.
" သမီးအိမ်ကလေးရယ် မင်းရဲ့ ကိုကို ကိုယ့် အဲလောက်တောင် ချစ်နေလို့ ဝိဉာဉ် ဘဝနဲ့ ကပ်နေပြန်တာလား အဲတာ မင်းကြောင့် သမီးအိမ်ကလေး မကျွတ်မလွှတ်နဲ့ ဝိဉာဉ် ဘဝ ရောက်နေရတယ် "
.
ဆိုပြီး အန်တီကြီးက နေယံကို ထုနှက်ပြီး ငိုနေပါတော့တယ် ။
နောက်တော့ အန်တီက ပြောပြပါတယ် ။
.
" မင်းတို့ကြားက ကိစ္စတော့ သေချာ မသိပါဘူး ဒါပေမဲ့ အိမ်ကလေးက မင်းကို တော်တော် ချစ်ခဲ့ရှာပါတယ် မင်းနဲ့ သူ ချစ်သူဖြစ်ချိန်က မကြာတဲ့ အချိန်လေး ဆိုပေမဲ့ အချစ်ဆိုတာ အချိန် ကြာတာ မကြာတာနဲ့ မဆိုင်ပါဘူး လေ သူမသေခင် အန်တီကို စာအုပ်နဲ့ ဘောပင် ဝယ်ခိုင်းခဲ့တယ် အန်တီ တစ်ပတ် တစ်အုပ်နဲ့ ၇အုပ် ဝယ်ပေးပြီးချိန်မှာ သူလောကကြီးက ထွက်ခွာသွားခဲ့တယ် သိလား စာအုပ်ထဲမှာ သူရေးထားတာက
ကိုကိုနေယံကို အိမ်ကလေး အရမ်းချစ်ပါတယ် တဲ့ ဒီမှာ ကြည့်လိုက်ပါ စာအုပ် ၇ အုပ် စလုံးမှာ အဲစာတွေဘဲ အပြည့် ရေးထားခဲ့တယ် "
.
အန်တီ ပြတဲ့ စာအုပ်ထဲမှာ အန်တီ ပြောသလို့ အိမ်ကလေးရဲ့ စာလုံး ဝိုင်းဝိုင်းတွေ့နဲ့ အပြည့် ရေးထားခဲ့တယ် ။
.
" အိမ်ကလေး ဒီစာကို ဘယ်လောက် ခက်ခဲအောင် ရေးခဲရလည်း ဆိုတာ သိလား သူတစ်လုံး ရေးတိုင်း မျက်ရယ် တစ်ခါကျတယ် မရေးနဲ့ ဘယ်လိုတားတား သူရေးခဲ့တယ်"
.
အန်တီ ဆက်ပြောတာကို နေယံ ထပ်ကြားဖို့ အင်အားမရှိတော့ ။ အိမ်ကလေးရယ် ဒီလောက် ဖြူစင်ရိုးသားတဲ့ အိမ်ကလေးကို သူ့လှည့်စားခဲ့မိတယ် ။
.
" ပြီးတော့ အိမ်ကလေး မသေခင် နောက်ဆုံး စားခဲ့တာက အိမ်ကလေး မကြိုက်ဆုံး အုန်းနို့ခေါက်ဆွဲပါ " တဲ့ ။
.
##
မလဝန်းအိမ်
အသက် ( …… )
.
နေယံ အိမ်ကလေးရဲ့ အုတ်ဂူနား ရောက် နေခဲ့တယ် ။ နေယံ ချစ်နဲ့ လက်ထပ်ခဲ့ပါတယ် ။ အစက ချစ်နဲ့ လမ်းခွဲပြီး လူပျိုကြီး လုပ်ဖို့ စဉ်းစားမိသေးတယ် ။ ဒါပေမဲ့ သူ့ နောက်ထပ် ကောင်မလေးကို စိတ်ဒဏ်ရာ ပေးပြီး မထားခဲ့ချင်တော့ဘူး ။ အိမ်ကလေးလို့ အဖြစ်မျိုး ဘယ်သူ့မှ မဖြစ်စေချင်လို့ပါ ။
.
နောက်ထပ် အိမ်ကလေးရဲ့ အရိပ် ထပ်မလာခဲ့တော့ပါဘူး ။ အိမ်ကလေးရဲ အန်တီလည်း အိမ်ကလေးအတွက် စိတ်ဆွဲပြီး ဝိဉာဉ် အဖြစ်နဲ့ ရှိနေမှာ မလိုလားလို့ ဘုန်းကြီးတွေနဲ့ တိုင်ပင်ပြီး အားလုံးအတွက် အမျှ ဝေပေးခဲ့ကြတယ် ။
.
အိမ်ကလေးရယ် ဒီဘဝအမှားအတွက် နောက်ဘဝမှာ ကိုကို လာပေးဆပ် ပါမယ် စောင့်နေပါနော် ။
.
### End 😍😍😍
စိတ်ကူးယဉ်မျှသာ လက်တွေ့နဲ့ အံဝင်မကျ ဖြစ်နေပါတယ်
အမှားပါရင် ပြင်ဖတ်ပေးကြပါနော်
စာဖတ်သူများကို လေးစားလျက်
.
#KhayNge 😍😍😍

Comments
Post a Comment