အခေါင်းတလုံးနဲ့မဖဲဝါ
အခေါင်းတစ်လုံးနဲ့ မဖဲဝါ(စ/ဆုံး)
"ပဲပြုတ်"
"ပဲပြုတ် ပူပူလေး"
"ဒီကပဲပြုတ် ယူကြဦးမလား"
မနက်လေးနာရီခွဲ လူတော်တော်များများ
အိပ်ယာမှ မထကြသေးပေမဲ့ လမ်းပေါ်မှ
ပဲပြုတ်သည်အသံက စူးစူးရှရှ ဆောင့်ဆောင့်ပြီး
ထွက်လာသည်။
မကျင်လှသည် ပဲပြုတ်တောင်း ခေါင်းပေါ်ရွက်ပြီး
လေးနာရီခွဲ အိမ်က ထွက်နေကျ ။
တစ်လမ်းကျော်တွင် ရှိသော လက်ဖက်ရည်ဆိုင်မှ
နံပြား ဆယ့်ငါးချပ် စောင့်ယူရသည်။
သူ့ကဲ့သို့ နံပြားမှာထားသူ ပဲပြုတ်သည်
သုံးဦးခန့် ရှိသည်။
အစောဆုံးသွားနိုင်မှ အရင်ဆုံးရမည်။
ဆိုင်က နံပြားရိုက်သော ကောင်လေးကလည်း
စောစောနိုးပြီး ရိုက်ထားပေးပါမှ ငါးနာရီဝန်းကျင်
ပဲပြုတ်အရောင်းထွက်နိုင်မည်။
နံပြားရိုက်သော ကောင်လေးကလည်းနောက်ကျ
သူကလည်း ဆိုင်ကိုနောက်မှ ရောက်မည်ဆိုလျှင်
ငါးနာရီထက်စောပြီး ဈေးရောင်း မထွက်နိုင်တော့။
ယခု ပဲပြုတ်တောင်းထဲ ထည့်ပြီး နံပြားယူရန်လာတော့
နံပြားရိုက်သည့် ကောင်လေး နေမကောင်းသဖြင့်
ဒီနေ့ နံပြား မရိုက်နိုင်ဟု သိလိုက်သည်။
နံပြားမရတော့။
သို့ကြောင့် အချိန်စောပြီး ပဲပြုတ်အရောင်းထွက်ခဲ့ရသည်။
အချို့ဝယ်နေကျ အိမ်များလည်း မနိုးကြသေး။
ဒီနေ့ မကျင်လှ အိမ်မှာကတည်းက အမေ့ကို
စိတ်ဆိုးခဲ့ရသည်။
သို့ကြောင့် ပဲပြုတ်အော်သံက
ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားရသည်။
စားတော်ပဲများကို နေစိမ်ပြီး ပွလာသည့်အခါ
ရေစစ်ပြီး အညှောင့်ဖောက်ရသည်။
နေ့စဉ် ပဲပြုတ်နိုင်ရန်အတွက် ဆန်ကာသုံးချပ်နှင့်ထည့်ကာ
ပဲပြုတ်ပဲကို အညှောင့်ဖောက်ရသည်။
စားတော်ပဲများကို ဆန်ကာထဲထည့်ပြီး အပေါ်မှ
အဝတ်စို ဖုံးအုပ်ထားကာ မကြာမကြာ
ရေလောင်းပေးရသည်။
သို့မှသာ အစိုဓါတ်ရှိနေပြီး စားတော်ပဲအညှောင့်များ
ညီညာလှပစွာ ထွက်လာပေမည်။
ပထမရက်ဖောက်သောပဲ ဒုတိယရက်ဖောက်သောပဲ
တတိယရက်ဖောက်သောပဲ ဆန်ကာသုံးချပ်နဲ့
ခွဲခြားထားရသည်။
အစောဆုံး ဖောက်ထားသောပဲကို အညှောင့်လေးများ
လက်မဝက်ခန့် ရှည်ပြီ ဆိုလျှင် ပဲပြုတ်၍ရပြီဖြစ်သည်။
အနေတော် လက်မဝက်ခန့် ရှည်သောပဲကို
နောက်ရက်မှ ပြုတ်လျှင် အစို့အညှောင့်က
တစ်လက်မနီးပါး ရှည်သွားကာ
ပဲပြုတ်က ကြည့်၍ အမြင်ဆိုးသွားသည်။
ပဲပြုတ်တစ်ဝက် အစို့ တစ်ဝက်ကဲ့သို့ ဖြစ်နေသည်။
မနေ့က အမေပြုတ်သောပဲက အနေတော်ပဲကို
မပြုတ်ဘဲ နောက်ရက်မှ ပြုတ်ရမည့်ပဲကို
ပြုတ်လိုက်သည်။
ထိုအခါ ဒီနေ့ ပြုတ်သောပဲက ရက်လွန်းပြီး
အစို့အညှောင့်ရှည်သော
ပဲများဖြစ်နေတော့သည်။
အရုပ်ဆိုး အကျည်းတန်သော ပဲပြုတ်များကို
မြင်လိုက်သဖြင့် အမေနှင့် စကားများခဲ့ရသေးသည်။
"နင်…ငါ့အသက်အရွယ်ရောက်မှ ကိုယ်ချင်းစာနိုင်မယ်။
အသက်ခြောက်ဆယ်ကျော်ပြီး မျက်လုံးတွေက
အမြင်သိပ်မကောင်းချင်တော့ဘူး။
ပြောလိုက်ရင် အသက်ကြီးတယ်လို့ ပြောလိုပြော။
မျက်စိမွဲနေလို့ ပြောလိုပြော။
ပဲပြုတ်ဝယ်တဲ့လူတွေ ပြောတာကို ခံရတာက
အမေ မဟုတ်ဘူး ။ ကျမက အပြောအဆို ခံရတာ"
"အမြဲတမ်းလည်း မှားတာမဟုတ်ပါဘူး
တစ်ခါတလေမှ မှားတာပါ"
မကျင်လှက ဘာမှပြန်မပြောတော့ ။
သူ့အသက် သုံးဆယ်မှ သားသမီး သုံးယောက်ရှိသည်။
အငယ်ဆုံးကလေးက ' ၆ ' လသာရှိသေးသည်
နို့က မပြတ်သေး။
သည်အရွယ် နို့အလွန်ဆွဲသည်အတွက်
အသက်(၆၀)ကျော်ရှိ မိခင်ဖြစ်သူက
နေ့စဉ် ပဲပြုတ်သော တာဝန်ကို ယူထားသည်။
လင်ဖြစ်သူ ကျော်မျိုးက ဆိုက်ကားနင်းပြီး
ရှာကျွေးမည်။ ပဲပြုတ်မရောင်းနဲ့ တော့ဟု ဆိုသည်။
ဒင်း ဆိုက်ကားနင်းခနှင့် စားဝတ်နေရေး
ဖြေရှင်းရမည်ဆိုလျှင် ကန်စွန်းရွက်နှင့်
ငါးပိရည် တို့စရာပင် နပ်မှန်မည်မထင်။
အုံနာခနှင့် အပိုသုံးထောင်ရလျှင် ကျေနပ်နေသူဖြစ်သည်။
တစ်ခါ တစ်ခါ ကိုယ်လက်နာသည်ဆိုပြီး
အရက်ကိုလည်း သောက်လာတတ်သေးသည်။
မနက် ခုနှစ်နာရီမထိုးမချင်း နှိုး၍မရ။
သို့ကြောင့် မကျင်လှလည်း နွေမိုးဆောင်း
ဖျားနာသည့်ရက်မှလွဲ၍ ပဲပြုတ် မပြတ်
ရောင်းခဲ့သဖြင့် စားဝတ်နေရေး အတန်အသင့်
အဆင်ပြေခဲ့သည်။
"ပဲပြုတ်"
"ပဲပြုတ်…လာပါဦး"
ယခုမှ ပဲပြုတ်ဈေးဦးပေါက်သည်။
တစ်ဆယ်သားရောင်းလိုက်ရသည်။
ခပ်သွက်သွက် ချိန်ပေးပြီး တောင်းကို
ခေါင်းပေါ်တင်ကာ ဆက်၍ ထွက်လာခဲ့သည်။
"အမယ်လေး"
လမ်းသွယ်ထောင့်ချိုးမှ သူလျှောက်နေသော
လမ်းပေါ်သို့ ထွက်လာသော အမျိုးသမီးကိုမြင်၍
မကျင်လှ လန့်ဖြတ် အော်လိုက်မိသည်။
သူမြင်လိုက်သော မြင်ကွင်းက မိန်းမတစ်ယောက်
မဆိုထားနှင့် ယောင်္ကျားတစ်ယောက်ပင်
သည်းခြေပျက်လောက်သည်။
ဆံပင်ကို ဖားလျားချထားပြီး ထမီနက်။
အင်္ကျီအနက် ဝတ်ထားသော
အမျိုးသမီးကြီးတစ်ယောက်က
"မသာ အခေါင်းကြီး" ခေါင်းပေါ်ရွက်၍
လမ်းကြားထဲက ထွက်လာသည်။
မျက်နှာကိုတော့ အမှောင်ရိပ်ကြောင့် မမြင်ရ။
သူနှင့် ဝင်တိုက်မိမတတ် နီးကပ်စွာ ဆုံလိုက်သည်။
သို့ကြောင့် မကျင်လှ ရှေ့တည့်တည့်သို့ဆက်၍
အမြန်လျှောက်လိုက်သည်။
တစ်ကိုယ်လုံး တုန်ယင်သွားသဖြင့်
ပါးစပ်မှလည်း ပုံမှန်အော်နေကျ
ပဲပြုတ်ဟူ၍ပင် မအော်နိုင်တော့။
အသံက လည်ချောင်းဝမှာ တစ်နေသည်။
ရှေ့နား နည်းနည်းရောက်တော့ သူ့ရဲ့နောက်မှာ
ပါလာလေလားဟူ၍ နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏နောက်မှ ပါမလာ။
သူ့ကိုကျောပေး၍ မီးရောင်မှုန်ပြပြရှိနေသော
လမ်းပေါ် လျှောက်သွားနေသည်။
မကျင်လှ သွားနေသည့်လမ်းကလည်း
တစ်ဖက်ပိတ်လမ်းဖြစ်၍ လမ်းဆုံးလျှင်
နောက်ကြောင်းသို့ ပြန်လှည့်ရသည်။
ဒီလမ်းအတိုင်း အခေါင်းရွက်ထားသော
အမျိုးသမီးကြီးလျှောက်သွားသည်။
ဘယ်အိမ်က အခေါင်းမှာ၍ ယောင်္ကျားဖြစ်သူက
လာမပို့ဘဲ မိန်းမက လာပို့ရတာလဲ။
နာရေးကူညီမှုအသင်းတွေလည်း ရှိနေတာပဲ။
ယခု အမြင်အရ ထူးခြားနေသည်။
"ပဲပြုတ်"
"ပဲပြုတ် ပူပူလေး"
မအော်၍လည်းမဖြစ် အသံမတိုးမကျယ်
တုန်တုန်ရီရီနှင့် အော်လိုက်ရသည်။
ခြေလှမ်းသွက်သွက်လျှောက်ပြီး
အိမ်ထဲမှ ခေါ်သံကို နားစွင့်နေသည်။
အမြန်လျှောက် အမြန်ရောင်းပါမှ
မနက်ခုနှစ်နာရီခန့်မှာ တစ်တောင်းကုန်သည်။
သူနှင့် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးကြီးဒို့
ဆုံခဲ့သော လမ်းဆုံကိုပင် ကျော်ခဲ့ပြီ
သူသတိထားပြီး လျှောက်ခဲ့သည်။
"ပဲပြုတ် ပူပူလေး"
မအော်၍လည်း မဖြစ် ဒီဝန်းကျင်မှာ ဝယ်နေကျ
ဖောက်သည်အိမ်သုံးအိမ်ခန့် ရှိသည်။
"ဟင်"
လမ်းနှင့် ဝါးတစ်ပြန်နီးပါးအကွာ
ခြံရှေ့မှာ အခေါင်းကိုချပြီး
ဆံပင်ဖားလျားချထားသော အမျိုးသမီးကြီးက
သူ့ကို ကျောပေးသော အနေအထားနှင့်
ခြံထဲကို ကြည့်သည်။
"ဒီအိမ်က အခေါင်းမှာလို့ လာပို့တာပဲ ။
ခြံထဲမှာလည်း လူတွေ လှုပ်လှုပ်ရှားရှား ရှိနေတယ်။
လူသေလို့ ဖြစ်မယ်"
မကျင်လှ ထိုနေရာက အမြန်လျှောက်ခဲ့သည်။
ခပ်လှမ်းလှမ်းသို့ ရောက်မှ ပဲပြုတ်လို့ အော်ရောင်းဖြစ်တော့သည်။
သို့ဖြင့် ခုနှစ်နာရီမတိုင်ခင် ပဲပြုတ်ရောင်းကုန်သွားသည့်အတွက်
အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ယောင်္ကျားဖြစ်သူ ကျော်မျိုးက အိပ်တုန်း။
အငယ်ကောင်လေးက နို့ဆာ၍င်္ံ အော်ငိုနေသည်။
အကြီးသားကလေးက ငါးနှစ်ဖြစ်၍
ကလေးမထိန်းနိုင်သေး။
"အမေ…ကလေးငိုနေတာ ဒီအတိုင်းပစ်ထားတာလား"
"မပစ်ပါဘူးအေ ။ ငါ ဘုရားဆွမ်းတော်ကပ်နေလို့"
"အမေ့ ဆွမ်းတော်ကပ်တာ နေ့ဆယ့်နှစ်နာရီ မထိုးမချင်း
ကပ်လို့ရတာပဲ ။ ကလေးမငိုအောင်
ခဏလေးကြည့်ထားပေးတာ မဟုတ်ဘူး။
ဟိုသေချင်ဆိုးကလည်း ဘယ်တော့မှ စောစောမထဘူး။
ကလေးဒီလောက်ငိုနေတာ မနိုးဘူး။
နားတွေ အကုန်ကန်းနေကြလား မသိဘူး"
"ဟဲ့…ကျင်လှ နေရင်းထိုင်ရင်း ငရဲမယူနဲ့။
ငါလည်း ထိုင်နေတာ မဟုတ်ဘူး"
"အမေ့ကို မပြောဘူး…ကျမယောင်္ကျားကို ပြောတာ"
မကျင်လှက တောင်းကိုဘေးချပြီး ငိုနေသော
ကလေးကို ပုခတ်ထဲမှ ဆွဲချီကာ နို့ထိုင်တိုက်နေလိုက်သည်။
"တစ်မနက်လုံး တစ်လမ်းဝင် တစ်လမ်းထွက်
ခြေတိုအောင် လျှောက်ခဲ့ရတယ် ။
အိမ်ရောက်တော့လည်း အမောမပြေဘူး"
ကလေးနို့ဝ၍ အိပ်သွားတော့ ပုခက်ထဲ ပြန်ထည့်ကာ
ဈေးခြင်းတောင်းဆွဲပြီး သုံးလမ်းကျော်မှာရှိသော
ရပ်ကွက်ဈေးသို့ ထွက်လာခဲ့သည်။
တစ်နေ့တာ ဟင်းဖိုးသုံးထောင့်ငါးရာနှင့်
လုံလောက်အောင် ဝယ်ရသည်။
ဆန်က မနေ့က ဝယ်ထားသဖြင့် ဒီနေ့ဝယ်ရန်မလို။
ဟင်းစားနှင့် ငါးပိရည် တို့စရာ ဝယ်ရန်သာဖြစ်သည်။
ငါးကြင်းဝယ်မည်စိတ်ကူးရ၍ ငါးကြင်းဝယ်နေကျ
ဆိုင်သို့ လာခဲ့သည်။
"ဟဲ့ မိအေးသိန်း ညည်းကြားပြီးပြီလား"
"ဘာသတင်းလဲ မကြားပါဘူး"
"ဟိုလေ ညည်းနဲ့ စကားများဖူးတဲ့ ငမူးစိုးကြည်
သူ့ခေါင်းကို သူဝက်အူလှည့်နဲ့ ထိုးပြီး သေသွားတယ်တဲ့"
"ဟင်…တကယ်လား"
မကျင်လှ ငါးဝယ်ရန် ဆိုင်ထဲအဝင် ဈေးဝယ်သူတစ်ယောက်က
ငါးစိမ်းသည် မအေးသိန်းအား ပြောပြနေသော
စကားကို စိတ်ဝင်စား၍ နားထောင်နေလိုက်သည်။
"ဒါဆို ဒေါ်ခင် ဝဋ်ကျွတ်သွားတာပေါ့။
အသက် (၇၀ )ရှိနေတဲ့ အမေအိုကြီးကို
နေ့တိုင်း ဆဲနေတဲ့ကောင်။
သူ့အကုသိုလ်နဲ့ သူသွားရှာပြီပေါ့။
နေပါဦး ။ ဝက်အူလှည့်နဲ့ သူ့ခေါင်းကို
သူကိုယ်တိုင်ထိုးတယ် ဟုတ်လား"
"ဟုတ်တယ်လေ နေ့တိုင်းသောက်စားမူးယစ်နေတာ
မူးလာရင် အမေရဲ့ ခြံနဲ့ အိမ်ကို ရောင်းပေးဖို့ ပြောတယ်
အမေကြီးကလည်း သူ့သားနောင်ရေးအတွက်
ရောင်းမပေးတာ"
"ရပ်ကွက်ထဲက လူတွေက အိမ်နဲ့ ခြံကို
ရောင်းလိုက်ရတဲ့ ငွေထဲက
သားကိုပေးသင့်သလောက်ပေး
ကျန်တဲ့ပိုက်ဆံယူပြီး ရိပ်သာဖြစ်ဖြစ်
အေးချမ်းတဲ့ တစ်နေရာကို သွားနေဖို့
ပြောကြတာ။ အဘွားကြီးက သူ့သားကို
ပိုက်ဆံပေးလိုက်ရင် တစ်ရက်တောင် မခံဘူး။
ခြံနဲ့ အိမ်လေးရှိတော့ သူနေဖို့ စားဖို့
မပူပင်ရတော့ဘူးပေါ့တဲ့။
မိဘရဲ့ မေတ္တာကို ဒီကောင် နားမလည်ဘူး"
"သူတို့သားအမိနှစ်ယောက် စားစရိတ်က
ခြေရင်းခန်း ငှားထားတဲ့ လစာနဲ့ ချွေတာသုံးလို့
ရတာပဲ။ ဒါပေမဲ့ ငမူးက မူးလာတိုင်း
အိမ်မရောင်းရလား။
သူတောင်းတိုင်း မပေးရလားဆိုပြီး အဘွားကြီးကို
တွန်းထိုးရိုက်နှက်ဆဲဆိုတာ နေ့တိုင်းနီးပါးပဲ။
ရပ်ကွက်က သည်းမခံနိုင်တာနဲ့ အဘွားကြီးကို
ကိုယ်ထိလက်ရောက် ထပ်လုပ်လာရင်
ကြည့်မရဘူး။ ရဲကို ဖမ်းခိုင်းမယ်ပြောလို့
ရပ်ကွက်ကို သုံးလေးရက်လောက်
လှည့်ပတ်ဆဲသေးတယ်။
နောက်ပိုင်း ပိုလို့တောင် ဆိုးလာတယ်။
ညဦးပိုင်းက အရက်မူးပြန်လာပြီး
သူ့အမေကို အော်ဟစ်ကြိမ်းနေတယ်။
ဝက်အူလှည့်နဲ့ ထိုးသတ်မယ်လို့လည်း
ပြောသံတွေ ကြားနေရတယ်။
လက်ထဲက ဝက်အူလှည့်ကြီးနဲ့ ထိုးသတ်မယ်ဆိုပြီး
တစ်ညလုံး ဆူညံနေတာ။ ဆယ်နာရီလောက်
ညသုံးနာရီလောက်ထင်တယ်။ပြန်လာပြီး
သူ့အမေကို အိမ်ရောင်းပေးမလား။
မပေးဘူးလား ။ အမေကြီးကလည်း
မရောင်းဘူးလို့ ပြန်ပြောတယ်။
ငါတို့က သူတို့အိမ်နဲ့ သိပ်မဝေးတော့
တစ်ညလုံး မအိပ်ရပါဘူး"
"ဒီကောင်ကို သရဲဝင်စီးနေလား မသိပါဘူး။
ဒီကောင့်ပါးစပ်က ခင်ဗျားရောင်းပေးမလား
ရောင်းမပေးဘူးလား ။
မရောင်းဘူး ဟုတ်လား။
ခင်ဗျားကြီးက ရောင်းမပေးဆိုမှတော့
ကျုပ်မနေတော့ဘူး ။
ကျုပ် သေမယ် …ကျုပ်သေမယ်
ကဲကွာ…ကဲကွာ"
"အမယ်လေး လာကြပါဦး ။
သူကိုယ့်သူ ပြန်သတ်နေပြီ"
လမ်းထဲကလူတွေက အဘွားကြီးကို
သတ်နေတယ်ထင်ပြီး ဆွဲမလို့ သွားကြတာ
ငမူးကောင် သူ့ဟာသူ ဝက်အူလှည့်နဲ့
ထိုးထားလို့ မလှုပ်နိုင် ဖြစ်နေတယ်။
ဝက်အူလှည့်နဲ့ ခေါင်းကို ထိုးထားတာ
ခေါင်းထဲမှာ အဆုံးထိ စိုက်ဝင်နေတယ်။
အသက်ကငွေ့ငွေ့ပဲ ကျန်တော့တယ်။
ဆေးရုံပို့မယ်လုပ်နေတုန်း
အိမ်ပေါ်မှာပဲ သေသွားတယ်။
သူသေတဲ့အချိန်က ငါးနာရီလောက်ရှိပြီ"
မကျင်လှက ထိုအမျိုးသမီးနှစ်ယောက်အား
"အခုသေသွားတာ မြစပယ်လမ်းနဲ့(၁၃)လမ်းဆုံနားက
အိမ်လား"
"ဟုတ်တယ် ညီမက ပဲပြုတ်ရောင်းတာ မဟုတ်လား"
"ဟုတ်ကဲ့ မနက်က ဈေးရောင်းရင်း
ရုတ်ရုတ်သဲသဲ တွေ့လိုက်လို့ မေးတာပါ"
မကျင်လှ ဈေးဝယ်ပြီး ပြန်ခဲ့သည်။
စိတ်ထဲမှာ ကြည်ကြည်လင်လင်ရှိနေသဖြင့်
မိခင်ကြီးအား မနက်စောစောက
အခေါင်းရွက်လာသော အမျိုးသမီးအကြောင်းနှင့်
အမူးသမားအကြောင်း ပြောပြလိုက်သည်။
"အဲဒါ မဖဲဝါပဲ"
"ရှင် …အမေ အဲဒါ …မဖဲဝါ ဟုတ်လား
ဘာဆိုင်လို့တုန်း"
"ဟုတ်တယ် ။
ဒါမျိုး လူတိုင်းတော့ မတွေ့နိုင်ဘူး။
ညည်းကို တွေ့စေချင်လို့
ကိုယ်ထင်ပြလိုက်တာဖြစ်မယ်
မကောင်းမှု လုပ်တဲ့လူတွေ
ကံကြီးငါးပါးထိုက်သူတွေကို
သေနေ့မစေ့ဘဲ သေမင်းက
လာခေါ်တဲ့ သဘောပေါ့"
"တကယ် မသာအခေါင်းကို
လာပို့တာလား"
"ဘယ်ကလာ ဟုတ်ကမလဲ။
ဆန်ကုန်မြေလေးတွေ ဒီနေ့ သေကိုသေရမယ်ဆိုတဲ့
နိမိတ်ပြပြီး သေမင်းလာခေါ်တာ"
"အကုသိုလ်များတဲ့လူတွေ သေတော့မယ်ဆို
ဒီလိုပဲ မဖဲဝါက အခေါင်းလာပို့တာပဲလား"
"ပို့ချင်ပို့မှာပေါ့အေ …မြင်စေချင်မှ မြင်ကြရတာ"
"အေး…ညည်းလည်း ကြပ်ကြပ်သတိထား။
ငါ့ကို ပြန်ခံပြောလိုက် ။ လင်ကိုလည်း
စိတ်နဲ့မတွေ့ရင် တိုင်းထွာဆဲဆိုလိုက်။
မကျေနပ်ရင် အကျိုးအကြောင်းပြော။
အားလုံးကိုယ့်ထက် ငယ်တာ
တစ်ယောက်မှ မရှိဘူး"
"တော်ပါပြီ အမေ …နောက်ကို အမေ့ကို ပြန်ခံမပြောတော့ပါဘူး"
"သာဓုပါအေ…သာဓု…သာဓု…
စိတ်ကောင်းထားနိုင်ရင် ငါ့သမီး
ရှာလို့ ဖွေလို့ အဆင်ပြေမှာပါကွယ်"
မကျင်လှလည်း ဘာမှပြန်မပြောတော့ဘဲ
အိပ်နေသော ကလေးပုခတ်ကို
တစ်ချက်လွှဲပေးလိုက်ကာ
ဟင်းချက်ရန် မီးဖိုထဲသို့
ဝင်ခဲ့တော့သည်။
ပြီးပါပြီ
စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါဇေ
"ပဲပြုတ်"
"ပဲပြုတ် ပူပူလေး"
"ဒီကပဲပြုတ် ယူကြဦးမလား"
မနက်လေးနာရီခွဲ လူတော်တော်များများ
အိပ်ယာမှ မထကြသေးပေမဲ့ လမ်းပေါ်မှ
ပဲပြုတ်သည်အသံက စူးစူးရှရှ ဆောင့်ဆောင့်ပြီး
ထွက်လာသည်။
မကျင်လှသည် ပဲပြုတ်တောင်း ခေါင်းပေါ်ရွက်ပြီး
လေးနာရီခွဲ အိမ်က ထွက်နေကျ ။
တစ်လမ်းကျော်တွင် ရှိသော လက်ဖက်ရည်ဆိုင်မှ
နံပြား ဆယ့်ငါးချပ် စောင့်ယူရသည်။
သူ့ကဲ့သို့ နံပြားမှာထားသူ ပဲပြုတ်သည်
သုံးဦးခန့် ရှိသည်။
အစောဆုံးသွားနိုင်မှ အရင်ဆုံးရမည်။
ဆိုင်က နံပြားရိုက်သော ကောင်လေးကလည်း
စောစောနိုးပြီး ရိုက်ထားပေးပါမှ ငါးနာရီဝန်းကျင်
ပဲပြုတ်အရောင်းထွက်နိုင်မည်။
နံပြားရိုက်သော ကောင်လေးကလည်းနောက်ကျ
သူကလည်း ဆိုင်ကိုနောက်မှ ရောက်မည်ဆိုလျှင်
ငါးနာရီထက်စောပြီး ဈေးရောင်း မထွက်နိုင်တော့။
ယခု ပဲပြုတ်တောင်းထဲ ထည့်ပြီး နံပြားယူရန်လာတော့
နံပြားရိုက်သည့် ကောင်လေး နေမကောင်းသဖြင့်
ဒီနေ့ နံပြား မရိုက်နိုင်ဟု သိလိုက်သည်။
နံပြားမရတော့။
သို့ကြောင့် အချိန်စောပြီး ပဲပြုတ်အရောင်းထွက်ခဲ့ရသည်။
အချို့ဝယ်နေကျ အိမ်များလည်း မနိုးကြသေး။
ဒီနေ့ မကျင်လှ အိမ်မှာကတည်းက အမေ့ကို
စိတ်ဆိုးခဲ့ရသည်။
သို့ကြောင့် ပဲပြုတ်အော်သံက
ဆောင့်ဆောင့်အောင့်အောင့် ထွက်သွားရသည်။
စားတော်ပဲများကို နေစိမ်ပြီး ပွလာသည့်အခါ
ရေစစ်ပြီး အညှောင့်ဖောက်ရသည်။
နေ့စဉ် ပဲပြုတ်နိုင်ရန်အတွက် ဆန်ကာသုံးချပ်နှင့်ထည့်ကာ
ပဲပြုတ်ပဲကို အညှောင့်ဖောက်ရသည်။
စားတော်ပဲများကို ဆန်ကာထဲထည့်ပြီး အပေါ်မှ
အဝတ်စို ဖုံးအုပ်ထားကာ မကြာမကြာ
ရေလောင်းပေးရသည်။
သို့မှသာ အစိုဓါတ်ရှိနေပြီး စားတော်ပဲအညှောင့်များ
ညီညာလှပစွာ ထွက်လာပေမည်။
ပထမရက်ဖောက်သောပဲ ဒုတိယရက်ဖောက်သောပဲ
တတိယရက်ဖောက်သောပဲ ဆန်ကာသုံးချပ်နဲ့
ခွဲခြားထားရသည်။
အစောဆုံး ဖောက်ထားသောပဲကို အညှောင့်လေးများ
လက်မဝက်ခန့် ရှည်ပြီ ဆိုလျှင် ပဲပြုတ်၍ရပြီဖြစ်သည်။
အနေတော် လက်မဝက်ခန့် ရှည်သောပဲကို
နောက်ရက်မှ ပြုတ်လျှင် အစို့အညှောင့်က
တစ်လက်မနီးပါး ရှည်သွားကာ
ပဲပြုတ်က ကြည့်၍ အမြင်ဆိုးသွားသည်။
ပဲပြုတ်တစ်ဝက် အစို့ တစ်ဝက်ကဲ့သို့ ဖြစ်နေသည်။
မနေ့က အမေပြုတ်သောပဲက အနေတော်ပဲကို
မပြုတ်ဘဲ နောက်ရက်မှ ပြုတ်ရမည့်ပဲကို
ပြုတ်လိုက်သည်။
ထိုအခါ ဒီနေ့ ပြုတ်သောပဲက ရက်လွန်းပြီး
အစို့အညှောင့်ရှည်သော
ပဲများဖြစ်နေတော့သည်။
အရုပ်ဆိုး အကျည်းတန်သော ပဲပြုတ်များကို
မြင်လိုက်သဖြင့် အမေနှင့် စကားများခဲ့ရသေးသည်။
"နင်…ငါ့အသက်အရွယ်ရောက်မှ ကိုယ်ချင်းစာနိုင်မယ်။
အသက်ခြောက်ဆယ်ကျော်ပြီး မျက်လုံးတွေက
အမြင်သိပ်မကောင်းချင်တော့ဘူး။
ပြောလိုက်ရင် အသက်ကြီးတယ်လို့ ပြောလိုပြော။
မျက်စိမွဲနေလို့ ပြောလိုပြော။
ပဲပြုတ်ဝယ်တဲ့လူတွေ ပြောတာကို ခံရတာက
အမေ မဟုတ်ဘူး ။ ကျမက အပြောအဆို ခံရတာ"
"အမြဲတမ်းလည်း မှားတာမဟုတ်ပါဘူး
တစ်ခါတလေမှ မှားတာပါ"
မကျင်လှက ဘာမှပြန်မပြောတော့ ။
သူ့အသက် သုံးဆယ်မှ သားသမီး သုံးယောက်ရှိသည်။
အငယ်ဆုံးကလေးက ' ၆ ' လသာရှိသေးသည်
နို့က မပြတ်သေး။
သည်အရွယ် နို့အလွန်ဆွဲသည်အတွက်
အသက်(၆၀)ကျော်ရှိ မိခင်ဖြစ်သူက
နေ့စဉ် ပဲပြုတ်သော တာဝန်ကို ယူထားသည်။
လင်ဖြစ်သူ ကျော်မျိုးက ဆိုက်ကားနင်းပြီး
ရှာကျွေးမည်။ ပဲပြုတ်မရောင်းနဲ့ တော့ဟု ဆိုသည်။
ဒင်း ဆိုက်ကားနင်းခနှင့် စားဝတ်နေရေး
ဖြေရှင်းရမည်ဆိုလျှင် ကန်စွန်းရွက်နှင့်
ငါးပိရည် တို့စရာပင် နပ်မှန်မည်မထင်။
အုံနာခနှင့် အပိုသုံးထောင်ရလျှင် ကျေနပ်နေသူဖြစ်သည်။
တစ်ခါ တစ်ခါ ကိုယ်လက်နာသည်ဆိုပြီး
အရက်ကိုလည်း သောက်လာတတ်သေးသည်။
မနက် ခုနှစ်နာရီမထိုးမချင်း နှိုး၍မရ။
သို့ကြောင့် မကျင်လှလည်း နွေမိုးဆောင်း
ဖျားနာသည့်ရက်မှလွဲ၍ ပဲပြုတ် မပြတ်
ရောင်းခဲ့သဖြင့် စားဝတ်နေရေး အတန်အသင့်
အဆင်ပြေခဲ့သည်။
"ပဲပြုတ်"
"ပဲပြုတ်…လာပါဦး"
ယခုမှ ပဲပြုတ်ဈေးဦးပေါက်သည်။
တစ်ဆယ်သားရောင်းလိုက်ရသည်။
ခပ်သွက်သွက် ချိန်ပေးပြီး တောင်းကို
ခေါင်းပေါ်တင်ကာ ဆက်၍ ထွက်လာခဲ့သည်။
"အမယ်လေး"
လမ်းသွယ်ထောင့်ချိုးမှ သူလျှောက်နေသော
လမ်းပေါ်သို့ ထွက်လာသော အမျိုးသမီးကိုမြင်၍
မကျင်လှ လန့်ဖြတ် အော်လိုက်မိသည်။
သူမြင်လိုက်သော မြင်ကွင်းက မိန်းမတစ်ယောက်
မဆိုထားနှင့် ယောင်္ကျားတစ်ယောက်ပင်
သည်းခြေပျက်လောက်သည်။
ဆံပင်ကို ဖားလျားချထားပြီး ထမီနက်။
အင်္ကျီအနက် ဝတ်ထားသော
အမျိုးသမီးကြီးတစ်ယောက်က
"မသာ အခေါင်းကြီး" ခေါင်းပေါ်ရွက်၍
လမ်းကြားထဲက ထွက်လာသည်။
မျက်နှာကိုတော့ အမှောင်ရိပ်ကြောင့် မမြင်ရ။
သူနှင့် ဝင်တိုက်မိမတတ် နီးကပ်စွာ ဆုံလိုက်သည်။
သို့ကြောင့် မကျင်လှ ရှေ့တည့်တည့်သို့ဆက်၍
အမြန်လျှောက်လိုက်သည်။
တစ်ကိုယ်လုံး တုန်ယင်သွားသဖြင့်
ပါးစပ်မှလည်း ပုံမှန်အော်နေကျ
ပဲပြုတ်ဟူ၍ပင် မအော်နိုင်တော့။
အသံက လည်ချောင်းဝမှာ တစ်နေသည်။
ရှေ့နား နည်းနည်းရောက်တော့ သူ့ရဲ့နောက်မှာ
ပါလာလေလားဟူ၍ နောက်သို့ လှည့်ကြည့်လိုက်သည်။
သူ၏နောက်မှ ပါမလာ။
သူ့ကိုကျောပေး၍ မီးရောင်မှုန်ပြပြရှိနေသော
လမ်းပေါ် လျှောက်သွားနေသည်။
မကျင်လှ သွားနေသည့်လမ်းကလည်း
တစ်ဖက်ပိတ်လမ်းဖြစ်၍ လမ်းဆုံးလျှင်
နောက်ကြောင်းသို့ ပြန်လှည့်ရသည်။
ဒီလမ်းအတိုင်း အခေါင်းရွက်ထားသော
အမျိုးသမီးကြီးလျှောက်သွားသည်။
ဘယ်အိမ်က အခေါင်းမှာ၍ ယောင်္ကျားဖြစ်သူက
လာမပို့ဘဲ မိန်းမက လာပို့ရတာလဲ။
နာရေးကူညီမှုအသင်းတွေလည်း ရှိနေတာပဲ။
ယခု အမြင်အရ ထူးခြားနေသည်။
"ပဲပြုတ်"
"ပဲပြုတ် ပူပူလေး"
မအော်၍လည်းမဖြစ် အသံမတိုးမကျယ်
တုန်တုန်ရီရီနှင့် အော်လိုက်ရသည်။
ခြေလှမ်းသွက်သွက်လျှောက်ပြီး
အိမ်ထဲမှ ခေါ်သံကို နားစွင့်နေသည်။
အမြန်လျှောက် အမြန်ရောင်းပါမှ
မနက်ခုနှစ်နာရီခန့်မှာ တစ်တောင်းကုန်သည်။
သူနှင့် အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးကြီးဒို့
ဆုံခဲ့သော လမ်းဆုံကိုပင် ကျော်ခဲ့ပြီ
သူသတိထားပြီး လျှောက်ခဲ့သည်။
"ပဲပြုတ် ပူပူလေး"
မအော်၍လည်း မဖြစ် ဒီဝန်းကျင်မှာ ဝယ်နေကျ
ဖောက်သည်အိမ်သုံးအိမ်ခန့် ရှိသည်။
"ဟင်"
လမ်းနှင့် ဝါးတစ်ပြန်နီးပါးအကွာ
ခြံရှေ့မှာ အခေါင်းကိုချပြီး
ဆံပင်ဖားလျားချထားသော အမျိုးသမီးကြီးက
သူ့ကို ကျောပေးသော အနေအထားနှင့်
ခြံထဲကို ကြည့်သည်။
"ဒီအိမ်က အခေါင်းမှာလို့ လာပို့တာပဲ ။
ခြံထဲမှာလည်း လူတွေ လှုပ်လှုပ်ရှားရှား ရှိနေတယ်။
လူသေလို့ ဖြစ်မယ်"
မကျင်လှ ထိုနေရာက အမြန်လျှောက်ခဲ့သည်။
ခပ်လှမ်းလှမ်းသို့ ရောက်မှ ပဲပြုတ်လို့ အော်ရောင်းဖြစ်တော့သည်။
သို့ဖြင့် ခုနှစ်နာရီမတိုင်ခင် ပဲပြုတ်ရောင်းကုန်သွားသည့်အတွက်
အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ရောက်တော့ ယောင်္ကျားဖြစ်သူ ကျော်မျိုးက အိပ်တုန်း။
အငယ်ကောင်လေးက နို့ဆာ၍င်္ံ အော်ငိုနေသည်။
အကြီးသားကလေးက ငါးနှစ်ဖြစ်၍
ကလေးမထိန်းနိုင်သေး။
"အမေ…ကလေးငိုနေတာ ဒီအတိုင်းပစ်ထားတာလား"
"မပစ်ပါဘူးအေ ။ ငါ ဘုရားဆွမ်းတော်ကပ်နေလို့"
"အမေ့ ဆွမ်းတော်ကပ်တာ နေ့ဆယ့်နှစ်နာရီ မထိုးမချင်း
ကပ်လို့ရတာပဲ ။ ကလေးမငိုအောင်
ခဏလေးကြည့်ထားပေးတာ မဟုတ်ဘူး။
ဟိုသေချင်ဆိုးကလည်း ဘယ်တော့မှ စောစောမထဘူး။
ကလေးဒီလောက်ငိုနေတာ မနိုးဘူး။
နားတွေ အကုန်ကန်းနေကြလား မသိဘူး"
"ဟဲ့…ကျင်လှ နေရင်းထိုင်ရင်း ငရဲမယူနဲ့။
ငါလည်း ထိုင်နေတာ မဟုတ်ဘူး"
"အမေ့ကို မပြောဘူး…ကျမယောင်္ကျားကို ပြောတာ"
မကျင်လှက တောင်းကိုဘေးချပြီး ငိုနေသော
ကလေးကို ပုခတ်ထဲမှ ဆွဲချီကာ နို့ထိုင်တိုက်နေလိုက်သည်။
"တစ်မနက်လုံး တစ်လမ်းဝင် တစ်လမ်းထွက်
ခြေတိုအောင် လျှောက်ခဲ့ရတယ် ။
အိမ်ရောက်တော့လည်း အမောမပြေဘူး"
ကလေးနို့ဝ၍ အိပ်သွားတော့ ပုခက်ထဲ ပြန်ထည့်ကာ
ဈေးခြင်းတောင်းဆွဲပြီး သုံးလမ်းကျော်မှာရှိသော
ရပ်ကွက်ဈေးသို့ ထွက်လာခဲ့သည်။
တစ်နေ့တာ ဟင်းဖိုးသုံးထောင့်ငါးရာနှင့်
လုံလောက်အောင် ဝယ်ရသည်။
ဆန်က မနေ့က ဝယ်ထားသဖြင့် ဒီနေ့ဝယ်ရန်မလို။
ဟင်းစားနှင့် ငါးပိရည် တို့စရာ ဝယ်ရန်သာဖြစ်သည်။
ငါးကြင်းဝယ်မည်စိတ်ကူးရ၍ ငါးကြင်းဝယ်နေကျ
ဆိုင်သို့ လာခဲ့သည်။
"ဟဲ့ မိအေးသိန်း ညည်းကြားပြီးပြီလား"
"ဘာသတင်းလဲ မကြားပါဘူး"
"ဟိုလေ ညည်းနဲ့ စကားများဖူးတဲ့ ငမူးစိုးကြည်
သူ့ခေါင်းကို သူဝက်အူလှည့်နဲ့ ထိုးပြီး သေသွားတယ်တဲ့"
"ဟင်…တကယ်လား"
မကျင်လှ ငါးဝယ်ရန် ဆိုင်ထဲအဝင် ဈေးဝယ်သူတစ်ယောက်က
ငါးစိမ်းသည် မအေးသိန်းအား ပြောပြနေသော
စကားကို စိတ်ဝင်စား၍ နားထောင်နေလိုက်သည်။
"ဒါဆို ဒေါ်ခင် ဝဋ်ကျွတ်သွားတာပေါ့။
အသက် (၇၀ )ရှိနေတဲ့ အမေအိုကြီးကို
နေ့တိုင်း ဆဲနေတဲ့ကောင်။
သူ့အကုသိုလ်နဲ့ သူသွားရှာပြီပေါ့။
နေပါဦး ။ ဝက်အူလှည့်နဲ့ သူ့ခေါင်းကို
သူကိုယ်တိုင်ထိုးတယ် ဟုတ်လား"
"ဟုတ်တယ်လေ နေ့တိုင်းသောက်စားမူးယစ်နေတာ
မူးလာရင် အမေရဲ့ ခြံနဲ့ အိမ်ကို ရောင်းပေးဖို့ ပြောတယ်
အမေကြီးကလည်း သူ့သားနောင်ရေးအတွက်
ရောင်းမပေးတာ"
"ရပ်ကွက်ထဲက လူတွေက အိမ်နဲ့ ခြံကို
ရောင်းလိုက်ရတဲ့ ငွေထဲက
သားကိုပေးသင့်သလောက်ပေး
ကျန်တဲ့ပိုက်ဆံယူပြီး ရိပ်သာဖြစ်ဖြစ်
အေးချမ်းတဲ့ တစ်နေရာကို သွားနေဖို့
ပြောကြတာ။ အဘွားကြီးက သူ့သားကို
ပိုက်ဆံပေးလိုက်ရင် တစ်ရက်တောင် မခံဘူး။
ခြံနဲ့ အိမ်လေးရှိတော့ သူနေဖို့ စားဖို့
မပူပင်ရတော့ဘူးပေါ့တဲ့။
မိဘရဲ့ မေတ္တာကို ဒီကောင် နားမလည်ဘူး"
"သူတို့သားအမိနှစ်ယောက် စားစရိတ်က
ခြေရင်းခန်း ငှားထားတဲ့ လစာနဲ့ ချွေတာသုံးလို့
ရတာပဲ။ ဒါပေမဲ့ ငမူးက မူးလာတိုင်း
အိမ်မရောင်းရလား။
သူတောင်းတိုင်း မပေးရလားဆိုပြီး အဘွားကြီးကို
တွန်းထိုးရိုက်နှက်ဆဲဆိုတာ နေ့တိုင်းနီးပါးပဲ။
ရပ်ကွက်က သည်းမခံနိုင်တာနဲ့ အဘွားကြီးကို
ကိုယ်ထိလက်ရောက် ထပ်လုပ်လာရင်
ကြည့်မရဘူး။ ရဲကို ဖမ်းခိုင်းမယ်ပြောလို့
ရပ်ကွက်ကို သုံးလေးရက်လောက်
လှည့်ပတ်ဆဲသေးတယ်။
နောက်ပိုင်း ပိုလို့တောင် ဆိုးလာတယ်။
ညဦးပိုင်းက အရက်မူးပြန်လာပြီး
သူ့အမေကို အော်ဟစ်ကြိမ်းနေတယ်။
ဝက်အူလှည့်နဲ့ ထိုးသတ်မယ်လို့လည်း
ပြောသံတွေ ကြားနေရတယ်။
လက်ထဲက ဝက်အူလှည့်ကြီးနဲ့ ထိုးသတ်မယ်ဆိုပြီး
တစ်ညလုံး ဆူညံနေတာ။ ဆယ်နာရီလောက်
ညသုံးနာရီလောက်ထင်တယ်။ပြန်လာပြီး
သူ့အမေကို အိမ်ရောင်းပေးမလား။
မပေးဘူးလား ။ အမေကြီးကလည်း
မရောင်းဘူးလို့ ပြန်ပြောတယ်။
ငါတို့က သူတို့အိမ်နဲ့ သိပ်မဝေးတော့
တစ်ညလုံး မအိပ်ရပါဘူး"
"ဒီကောင်ကို သရဲဝင်စီးနေလား မသိပါဘူး။
ဒီကောင့်ပါးစပ်က ခင်ဗျားရောင်းပေးမလား
ရောင်းမပေးဘူးလား ။
မရောင်းဘူး ဟုတ်လား။
ခင်ဗျားကြီးက ရောင်းမပေးဆိုမှတော့
ကျုပ်မနေတော့ဘူး ။
ကျုပ် သေမယ် …ကျုပ်သေမယ်
ကဲကွာ…ကဲကွာ"
"အမယ်လေး လာကြပါဦး ။
သူကိုယ့်သူ ပြန်သတ်နေပြီ"
လမ်းထဲကလူတွေက အဘွားကြီးကို
သတ်နေတယ်ထင်ပြီး ဆွဲမလို့ သွားကြတာ
ငမူးကောင် သူ့ဟာသူ ဝက်အူလှည့်နဲ့
ထိုးထားလို့ မလှုပ်နိုင် ဖြစ်နေတယ်။
ဝက်အူလှည့်နဲ့ ခေါင်းကို ထိုးထားတာ
ခေါင်းထဲမှာ အဆုံးထိ စိုက်ဝင်နေတယ်။
အသက်ကငွေ့ငွေ့ပဲ ကျန်တော့တယ်။
ဆေးရုံပို့မယ်လုပ်နေတုန်း
အိမ်ပေါ်မှာပဲ သေသွားတယ်။
သူသေတဲ့အချိန်က ငါးနာရီလောက်ရှိပြီ"
မကျင်လှက ထိုအမျိုးသမီးနှစ်ယောက်အား
"အခုသေသွားတာ မြစပယ်လမ်းနဲ့(၁၃)လမ်းဆုံနားက
အိမ်လား"
"ဟုတ်တယ် ညီမက ပဲပြုတ်ရောင်းတာ မဟုတ်လား"
"ဟုတ်ကဲ့ မနက်က ဈေးရောင်းရင်း
ရုတ်ရုတ်သဲသဲ တွေ့လိုက်လို့ မေးတာပါ"
မကျင်လှ ဈေးဝယ်ပြီး ပြန်ခဲ့သည်။
စိတ်ထဲမှာ ကြည်ကြည်လင်လင်ရှိနေသဖြင့်
မိခင်ကြီးအား မနက်စောစောက
အခေါင်းရွက်လာသော အမျိုးသမီးအကြောင်းနှင့်
အမူးသမားအကြောင်း ပြောပြလိုက်သည်။
"အဲဒါ မဖဲဝါပဲ"
"ရှင် …အမေ အဲဒါ …မဖဲဝါ ဟုတ်လား
ဘာဆိုင်လို့တုန်း"
"ဟုတ်တယ် ။
ဒါမျိုး လူတိုင်းတော့ မတွေ့နိုင်ဘူး။
ညည်းကို တွေ့စေချင်လို့
ကိုယ်ထင်ပြလိုက်တာဖြစ်မယ်
မကောင်းမှု လုပ်တဲ့လူတွေ
ကံကြီးငါးပါးထိုက်သူတွေကို
သေနေ့မစေ့ဘဲ သေမင်းက
လာခေါ်တဲ့ သဘောပေါ့"
"တကယ် မသာအခေါင်းကို
လာပို့တာလား"
"ဘယ်ကလာ ဟုတ်ကမလဲ။
ဆန်ကုန်မြေလေးတွေ ဒီနေ့ သေကိုသေရမယ်ဆိုတဲ့
နိမိတ်ပြပြီး သေမင်းလာခေါ်တာ"
"အကုသိုလ်များတဲ့လူတွေ သေတော့မယ်ဆို
ဒီလိုပဲ မဖဲဝါက အခေါင်းလာပို့တာပဲလား"
"ပို့ချင်ပို့မှာပေါ့အေ …မြင်စေချင်မှ မြင်ကြရတာ"
"အေး…ညည်းလည်း ကြပ်ကြပ်သတိထား။
ငါ့ကို ပြန်ခံပြောလိုက် ။ လင်ကိုလည်း
စိတ်နဲ့မတွေ့ရင် တိုင်းထွာဆဲဆိုလိုက်။
မကျေနပ်ရင် အကျိုးအကြောင်းပြော။
အားလုံးကိုယ့်ထက် ငယ်တာ
တစ်ယောက်မှ မရှိဘူး"
"တော်ပါပြီ အမေ …နောက်ကို အမေ့ကို ပြန်ခံမပြောတော့ပါဘူး"
"သာဓုပါအေ…သာဓု…သာဓု…
စိတ်ကောင်းထားနိုင်ရင် ငါ့သမီး
ရှာလို့ ဖွေလို့ အဆင်ပြေမှာပါကွယ်"
မကျင်လှလည်း ဘာမှပြန်မပြောတော့ဘဲ
အိပ်နေသော ကလေးပုခတ်ကို
တစ်ချက်လွှဲပေးလိုက်ကာ
ဟင်းချက်ရန် မီးဖိုထဲသို့
ဝင်ခဲ့တော့သည်။
ပြီးပါပြီ
စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါဇေ
Comments
Post a Comment