သက်ပျောက်မှတ်တိုင်

** သက်ပျောက်မှတ်တိုင် *** ========================== မှောင်ရီ ဝိုးတဝါး အလင်းပျောက်ကွယ်နေတဲ့အချိန်---------- လေလေးတချွန်ချွန်နှင့် ဆိုင်ကယ်ကို ဖြေးညင်းစွာ အေးအေးလူလူမောင်းရင်း ထွန်းစိန်ရွာ ဘက်မှ ပြန်လာသော ကိုဘဦး တစ်ယောက် ကျောင်းကုန်း ရွာနား အရောက် ဆီပြတ်သွား၍ ဆီရောင်းတဲ့ တဲလေးဆီ ကို ဆိုင်ကယ်ကို တွန်းရင်း တဲရှင်ကို နှိုးကာ ဆီပြန်ဖြည့် ဖို့ စိုင်းပြင်းနေပါတယ် တဲရှင်ရဲ့ အအိပ်ဆတ်ပုံက မိနစ် လက်တံရှည် အကွက်ကြီး သုံးကွက် အကြာမျှ အော်ခေါ်ပြီး ချိန်တွင် တော့ အလူးအလဲ ထလာပြီး "ဘယ်သူလည်းဟ မိုးချုပ်မှာ တဲရှေ့ လာအော်နေတာ" "မျိုးလွင်ရေ ငါပါဟ ဘဦးပါ " "ဟာကွာ မင်းကလည်း ဒီလောက်မိုးချုပ်နေပြီ ဘာဒုက္ခပေး မလို့လည်း" "အားနာပါတယ်ကွာ ငါ့ဆိုင်ကယ် ဆီပြတ်သွားလို့ပါဟ ကူညီပါကွာနော်" "ပြီးရောပြီးရော ဘယ်နှစ်ဗူး ထည့်မှာလည်း" "၂ဗူးလောက်ပေးကွာ တော်ကြာ ဆီထပ်ပြတ်နေမှာဆိုးလို့" "အေးအေး" သို့နှင့် ကိုဘဦးတစ်ယောက်ဆီဖိုးရှင်းပြီး သကာလ အိမ်အပြန်ခရီး အပြီးနှင်ဖို့ ဆိုက်ကယ် လေးကို နှိုးရင်း ဆက်လက်ထွက်ခွာ လာခဲ့ပါတော့တယ် တဖြည်းဖြည်းခရီးဆက်ရင်း ထွန်စက် ေ...